Huawei ကနေ High End Series ဖုန်းတွေဖြစ်လာမယ့် Huawei Nova 7 Series ဖုန်းတွေကို လာမယ့် ဧပြီလအတွင်းမှာ မိတ်ဆက်လာဖို့များနေပါတယ်။ အခုသိရှိထားရတဲ့သတင်းတွေအရတော့ Nova 7 SE ၊ Nova 7 နဲ့ Nova 7 Pro ဆိုပြီး ၃ မျိုး မိတ်ဆက်သွားမှာပါ။

Huawei Nova 7 SE ဖုန်းဟာ Kirin 820 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီးတော့ အစောပိုင်းတုန်းက Nova 7 နဲ့ Nova 7 Pro ဖုန်းတွေက Kirin 990 5G Chipset တွေကို အသုံးပြုလာမယ်လို့ သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei Nova 7 ဖုန်းဟာ မတူညီတဲ့ Kirin Chipset အသစ်ကို အသုံးပြုလာနိုင်ခြေများနေပါတယ်။

ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံး Weibo မှာထွက်ပေါ်လာတဲ့သတင်းအရ Huawei Nova 7 စမတ်ဖုန်းဟာ Kirin 990 ထက် အနည်းငယ်နိမ့်တဲ့ Kirin 985 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Kirin 985 Chipset ဟာ ယခင် P30 Series ဖုုန်းတွေမှာ အသုံးပြုလာဖို့ရှိတယ်ဆိုပြီးလည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Kirin 985 Chipset ဟာ 7nm+ Architecture ကို အခြေခံထားမှာဖြစ်သလို Balong 5000 5G Modem ကိုပါ ထည့်သွင်းထားမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်အနေနဲ့ကတော့ Kirin 820 5G Chipset ထက် ပိုပြီး ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China