Huawei ကနေ လာမယ့်ဧပြီလအတွင်းမှာ Nova 7 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အဆိုပါ Nova 7 Series ဖုန်းအသစ်တွေဟာ 5G Support ပါဝင်လာမယ့်အပြင် Nova 7 ၊ Nova 7 Pro နဲ့ Nova 7 SE ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါဖုန်းတွေထဲကမှ စွမ်းဆောင်ရည်အနိမ့်ဆုံးဖြစ်လာမယ့် Nova 7 SE နဲ့ သက်ဆိုင်တဲ့သတင်းအချို့ကထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ Huawei 7 SE ဟာ 6.5″ ရှိတဲ့ Punch-hole Display ၊ Side Fingerprint နဲ့ Kirin Mid-range 5G Chipset ထည့်သွင်းလာမှာဖြစ်တဲ့အပြင် 22.5W Fast Charging ကို Support ပြုလုပ်လာမှာပါ။

လောလောဆယ်မှာ Huawei ကနေ Mid Range Processor တွေထဲမှာ 5G Modem ပါဝင်ခြင်းမရှိသေးတဲ့အတွက် ဖြစ်နိုင်တာတစ်ခုက Kirin 810 Chipset ကိုပဲ 5G Modem ထည့်သွင်းလာနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ်သိရှိရတဲ့သတင်းတွေအရ Huawei ကနေ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Nova 7 နဲ့ Nova 7 Pro ဖုန်းတွေမှာ Kirin 820 Chipset အသစ်ကို Built-in 5G Modem နဲ့ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအတိုင်းဆိုရင် Huawei Nova 7 Series ဖုန်းတွေဟာ 5G ကို စျေးသက်သက်သာသာနဲ့အသုံးပြုနိုင်ဖို့အတွက် အဆင်ပြေတဲ့ဖုန်းတွေဖြစ်လာနိုင်ပြီး စျေးကွက်ထဲမှာ အောင်မြင်လာနိုင်ပါတယ်။ Camera Setup ပိုင်းမှာလည်း အနိမ့်ဆုံး 64MP Primary Sensor တွေကို အဆင့်မြှင့်တင်လာမယ်လို့လည်း သိရပါတယ်။

Ref – Gizmo China