Huawei ဟာ သတင်းတွေထွက်နေတဲ့ nova 8 SE ကို တရားဝင် ကြေညာလိုက်ပြီး ပြားချပ်တဲ့ ဖရိမ်နဲ့ အနောက်ဘက် လေးထောင့် ကင်မရာ အကွက် ဒီဇိုင်းက iPhone 12 နဲ့ တော်တော် တူပါတယ်။ အနောက်ကင်မရာတွေ အကြောင်းပြောရရင် 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ၄ လုံး ထည့်သွင်းထားပါတယ်။ အရွယ်သေး Notch မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Nova 8 SE မှာ ၆.၅၃ လက်မ FHD+ OLED မျက်နှာပြင် ပါလာပြီး HDR10 ထောက်ပံ့ထားပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ Dimensity 720 Chipset မောင်းနှင်ထားပြီး နောက်မော်ဒယ် ၁ မျိုး ဖြစ်တဲ့ High Edition မှာ Dimensity 800U Chipset ပါလာပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 8GB RAM , 128GB Storage ထည့်ထားပြီး Android 10 အခြေပြု EMUI 10.1 မောင်းနှင်ထားပါတယ်။

Huawei nova 8 SE announced with 64MP quad camera, 66W fast charging, and 5G support

ဘက်ထရီက 3,800mAh ပဲ ရှိတာကတော့ လက်ရှိ စံနှုန်းတွေထက် သေးနေပါတယ်။ ဒါပေမယ့် 66W Charging ကတော့ တော်တော်မိုက်ပါတယ်။ ၁၅ မိနစ်မှာ ၆၀ ရာခိုင်နှုန်းနဲ့ ၂၀ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ကျန်တဲ့ Specs တွေ အကြောင်းပြောရရင် USB-C Port , 3.5mm Headphone Jack , Bluetooth 5.1 , Dual SIM Support နဲ့ Dual-band WiFi တွေ ထောက်ပံ့ထားပါတယ်။

Huawei nova 8 SE announced with 64MP quad camera, 66W fast charging, and 5G support

Dimensity 720 နဲ့ Dimensity 800U မော်ဒယ် ၂ ခုစလုံးမှာ 5G ထောက်ပံ့ထားပေမယ့် High Edition မှာတော့ SIMs ၂ ခုစလုံးမှာ 5G သုံးနိုင်ပြီး Standard Edition မှာ ပင်မ SIM မှာပဲ သုံးလို့ရပါတယ်။ အရောင် ၄ မျိုး ထုတ်လုပ်ထားပြီး တရုတ်မှာ ဒီလ ၁၁ ရက်နေ့ ရောင်းမှာပါ။ Standard Edition ကို ၂,၅၉၉ ယွမ်နဲ့ High Edition ကို ၂,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၅ သိန်းနဲ့ ၅ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena