Huawei က Nova Brand ရဲ့ ပထမဆုံး Flip Style Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ ဖုန်းရဲ့ အထူဟာ သုံးထားတဲ့ ဒြပ်ထုအပေါ် မူတည်ကာ ကွဲပြားပါတယ်။ ခေါက်ချိုးထားရင် သားရေ မော်ဒယ်ရဲ့ အထူက ၁၅.၀၈ မီလီမီတာနဲ့ ဖန် မော်ဒယ်ဟာ ၁၅.၁၂ မီလီမီတာ ဖြစ်ပါတယ်။ ဖြန့်ထားရင် ၆.၈၈ မီလီမီတာနဲ့ ၆.၉ မီလီမီတာ အသီးသီး ရှိပါတယ်။

Huawei Nova Flip

Huawei Nova Flip မှာ 6.94” OLED LTPO Foldable Display တပ်ဆင်ထားပြီး 2690x1136p Resolution , 1Hz to 120Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။ 1200 Nits Peak Brightness ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆဲလ်ဖီး အတွက် 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

Huawei Nova Flip

အနောက်ဘက်မှာ 2.15” OLED Cover Display ပါလာပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ စတုရန်းပုံ Cover Screen ဘေးမှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 8MP Ultrawide နဲ့ 50MP Main ကင်မရာ ဖြစ်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာကို လုံခြုံရေးအတွက် ထည့်သွင်းထားပါတယ်။

Huawei Nova Flip

Harmony OS 4.2 OS မောင်းနှင်ထားပြီး Kirin 8000 Chipset ထည့်သွင်းထားပါတယ်။ 256GB, 512GB နဲ့ 1TB Storage ထုတ်လုပ်ထားပြီး 66W Rapid Charging ထောက်ပံ့တဲ့ 4,400mAh Battery ပါပါတယ်။

Huawei Nova Flip

Huawei Nova Flip ရဲ့ 12/256GB ကို ၇၄၀ ဒေါ်လာ ၊ 12/512GB ကို ၇၉၅ ဒေါ်လာနဲ့ 12GB/1TB ကို ၉၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ New Green , Starry Black , Zero White နဲ့ Sakura Pink အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina