Samsung ကနေ အခုအချိန်မှာ သူ့ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S20 Series စမတ်ဖုန်းတွေကို မိတ်ဆက်ပြီးဖြစ်ပါတယ်။ Huawei အနေနဲ့လည်း ဒီနှစ်အတွက် ပထမဆုံး Flagship ဖုန်းတွေဖြစ်လာမယ့် Huawei P40 Series ဖုန်းတွေကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ပြောကြားထားပါတယ်။

Huawei ကနေ အဆိုပါ P40 Series ဖုန်းတွေထဲမှာ P40 ၊ P40 Pro နဲ့ P40 Premium ဆိုပြီး ၃ မျိုးထုတ်လုပ်သွားမှာဖြစ်ပြီး Digital Trends ကနေ Huawei P40 ရဲ့ နောက်ကျောဘက် Hands-on ဓါတ်ပုံတွေကို ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ Huawei P40 ဖုန်းဟာ Early Prototype ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Huawei Logo အစား POLARIE ဆိုပြီး ရေးသားထားတာလည်းဖြစ်ပါတယ်။

အခုဓါတ်ပုံတွေအရ Huawei P40 စမတ်ဖုန်းဟာ မနှစ်တုန်းက P30 Pro မှာပါဝင်ခဲ့တဲ့ Periscope Zoom Camera ပါဝင်လာမှာဖြစ်ပြီး Triple Camera Setup ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ToF Sensor နဲ့ Laser Focus လိုမျိုး Feature တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။

လက်ရှိသိရှိထားတဲ့သတင်းတွေအရတော့ Huawei P40 စမတ်ဖုန်းဟာ 52MP Primary Sensor ၊ 40MP Ultra-wide Cine Sensor နဲ့ 8MP Periscope Telephoto Sensor တွေပါဝင်မှာဖြစ်ပြီးတော့ ထုံးစံအတိုင်းပဲ LEICA နဲ့ပူးပေါင်းလာဦးမှာဖြစ်ပါတယ်။

Huawei P40 ဖုန်းရဲ့ အောက်ဖက်မှာတော့ USB-C နဲ့ Speaker ကိုတွေ့ရှိရပြီးတော့ Physical Volume Keys နဲ့ Power Button တွေကိုအသုံးပြုထားတာဖြစ်ပါတယ်။ အခုကြည့်ရတဲ့အတိုင်းဆိုရင်တော့ P40 Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာမယ့် Huawei P40 ဖုန်းကလည်း Camera ပိုင်းမှာ တော်တော်လေးကို ကောင်းမွန်လာမှာဖြစ်ပါတယ်။

Ref – Giz China