Huawei ဟာ အခုအချိန်မှာ US အစိုးရအပြင် Google ရဲ့ Mobile Service တွေကိုပါ အသုံးပြုနိုင်ခြင်းမရှိအောင် Ban ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Huawei Mobile Services (HMS) ကို ပြောင်းလဲအသုံးပြုနေသလို ယခုနှစ်အတွင်းမှာလည်း Huawei စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် HarmonyOS ကို စတင်အသုံးပြုလာမယ်လို့ သိရပါတယ်။

Huawei ရဲ့ HarmonyOS ဟာ Micro Kernel ကို အခြေခံထားတဲ့ OS တစ်ခုဖြစ်ပြီး စမတ်ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Device အများအပြားမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလည်း Huawei Consumer Business Development ရဲ့ Software Chief အဖြစ်တာဝန်ယူထားတဲ့ Wang Chenglu ကနေ HarmonyOS နဲ့ ပတ်သက်ပြီး ထပ်မံထုတ်ပြန်ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ HarmonyOS ဟာ လက်ရှိ Google Android OS နဲ့ Apple iOS တွေနဲ့ ဆင်တူမှာမဟုတ်ဘဲ စမတ်ဖုန်းတွေကနေ စပြီး IoT Device တွေအကုန်လုံးမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Wearable Device တွေ၊ Smart Home Device တွေနဲ့ Smart Car တွေမှာပါ အသုံးပြုနိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ Huawei ကနေ အခု ၂၀၂၁ ခုနှစ်ထဲမှာ ကိုယ်ပိုင် HaronyOS Device ပေါင်း သန်း ၂၀၀ ကျော်ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပြီး တခြားသော ကုမ္ပဏီတွေကလည်း HarmonyOS အသုံးပြုထားတဲ့ Device ပေါင်း နောက်ထပ် သန်း ၁၀၀ ကျော် ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်ထဲမှာတင် စုစုပေါင်း HarmonyOS အသုံးပြုထားတဲ့ Device ပေါင်း သန်း ၃၀၀ ကျော် ရှိလာမှာပါ။

လာမယ့် လပိုင်းအတွင်းမှာ မိတ်ဆက်လာမယ့် Huawei P50 Series ဖုန်းတွေကလည်း Android OS အပြင် HarmonyOS ကိုပါ အသုံးပြုလာမယ်လို့ သိရတဲ့အတွက် HarmonyOS ကို စမတ်ဖုန်းတွေမှာ မြင်တွေ့ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

Ref – Gizmo China