Unicode

တရုတ်အခြေစိုက် Huawei ကုမ္ပဏီဟာ သူတို့ရဲ့ အကြီးဆုံးနှစ်ပတ်လည် Developer Conference ဖြစ်တဲ့ HDC.Cloud ကျင်းပဖို့ကို ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလာခဲ့ပါတယ်။

ရှန်းကျန့်မြို့မှာ ဖေဖော်ဝါရီ ၁၁ – ၁၂ မှာ ကျင်းပမယ့် HDC.Cloud 2020 ပွဲတော်ကို မတ်လကုန်ခါနီးထိ ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီရွှေ့ဆိုင်းမှုရဲ့အဓိကတရားခံဟာ အထက်မှာပြောခဲ့သလိုပဲ တရုတ်နိုင်ငံ၊ ဝူဟန်ခရိုင်မှာ အဓိကဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူတွေဟာ အပြင်းဖျားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရပါတယ်။

အဆိုပါဒေသတွင်းမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ဝန်ထမ်းတွေနဲ့ မိသားစုတွေအပါအဝင် ပြည်သူလူထုကို အပြင်ထွက်ရင်သတိထားဖို့ အလေးအနက်သတိပေးထားကြပါတယ်။ လူဦးရေ ၁၁ သန်းနီးပါးရှိနေတဲ့ ဝူဟန်ခရိုင်ကို တရုတ်အာဏာပိုင်တွေက ကူးသန်းသွားလာမှု ခေတ္တပိတ်ပင်ထားပြီး အနည်းဆုံး ၁၇ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

HDC.Cloud ဟာ Huawei Group ရဲ့နှစ်ပတ်လည် Developer Conference တွေထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့ရဲ့ Flagship ထုတ်ကုန်သစ်အပါအဝင် ဈေးကွက်ကို စိတ်ဝင်စားစေတဲ့ ထုတ်ကုန်တွေကို ပြသလေ့ရှိပါတယ်။

Ref – Gizmo China

Zawgyi

တရုတ္အေျခစိုက္ Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕ အႀကီးဆုံးႏွစ္ပတ္လည္ Developer Conference ျဖစ္တဲ့ HDC.Cloud က်င္းပဖို႔ကို ရုတ္တရက္ေပၚေပါက္လာတဲ့ ဝူဟန္ဗုိင္းရပ္စ္ျပန္႔ပြားမႈေၾကာင့္ ေရႊ႕ဆုိင္းလုိက္ေၾကာင္း ေၾကညာလာခဲ့ပါတယ္။

ရွန္းက်န္႔ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၁၁ – ၁၂ မွာ က်င္းပမယ့္ HDC.Cloud 2020 ပြဲေတာ္ကို မတ္လကုန္ခါနီးထိ ေရႊ႕ဆုိင္းလိုက္တာ ျဖစ္ပါတယ္။ ဒီေရႊ႕ဆုိင္းမႈရဲ႕အဓိကတရားခံဟာ အထက္မွာေျပာခဲ့သလိုပဲ တရုတ္ႏုိင္ငံ၊ ဝူဟန္ခရုိင္မွာ အဓိကျဖစ္ပြားေနတဲ့ ဗုိင္းရပ္စ္ပုိးေၾကာင့္ျဖစ္ၿပီး ကူးစက္ခံရသူေတြဟာ အျပင္းဖ်ားျခင္းစတဲ့ ေဝဒနာေတြကို ခံစားရပါတယ္။

အဆုိပါေဒသတြင္းမွာ လုပ္ကုိင္ေနတဲ့ ကုမၸဏီေတြဟာ သူတုိ႔ရဲ႕ဝန္ထမ္းေတြနဲ႔ မိသားစုေတြအပါအဝင္ ျပည္သူလူထုကို အျပင္ထြက္ရင္သတိထားဖို႔ အေလးအနက္သတိေပးထားၾကပါတယ္။ လူဦးေရ ၁၁ သန္းနီးပါးရွိေနတဲ့ ဝူဟန္ခရုိင္ကို တရုတ္အာဏာပုိင္ေတြက ကူးသန္းသြားလာမႈ ေခတၱပိတ္ပင္ထားၿပီး အနည္းဆုံး ၁၇ ဦးမွာ ဗုိင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

HDC.Cloud ဟာ Huawei Group ရဲ႕ႏွစ္ပတ္လည္ Developer Conference ေတြထဲမွာ အႀကီးဆုံးျဖစ္ၿပီး သူ႕ရဲ႕ Flagship ထုတ္ကုန္သစ္အပါအဝင္ ေစ်းကြက္ကို စိတ္ဝင္စားေစတဲ့ ထုတ္ကုန္ေတြကို ျပသေလ့ရွိပါတယ္။

Ref – Gizmo China