AI ဟာ ၂၀၂၄ ခုနှစ်ထုတ် စမတ်ဖုန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေပါပြီ။ အဓိက အားဖြင့် ဓါတ်ပုံ အပိုင်းမှာ ဖြစ်ပါတယ်။ AI ဟာ ဓါတ်ပုံ ရိုက်ကူးမှုနဲ့ Edit လုပ်မှုတွေကို ပြောင်းလဲပေးနေပါတယ်။

Huawei ရဲ့ နောက်ဆုံးထုတ် Pura 70 Series မှာ AI နည်းပညာနဲ့ ဓါတ်ပုံတွေထဲက မလိုလားအပ်တဲ့ အရာတွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် အဝတ်အစားတွေကို ဖယ်ရှားနိုင်တာက အံ့အားသင့်စရာ ကောင်းပါတယ်။

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီပြဿနာကို မီးမောင်းထိုးပြထားတဲ့ ဗီဒီယိုတွေကို တင်နေကြပါတယ်။ ဗီဒီယိုတွေမှာ “Smart AI Retouching” Feature နဲ့ ခလုတ် တစ်ချက်နှိပ်ရုံနဲ့ အဝတ်အစားတွေကို လွယ်ကူစွာ ဖယ်ရှားနိုင်တာကို ပြသထားပါတယ်။

လူ တစ်ယောက်ရဲ့ အဝတ်အစားတွေကို ဖယ်ရှားပြီး တခြား လူတစ်ယောက်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ထည့်သွင်းနိုင်ပါတယ်။ ဒါဟာ Privacy အတွက် တော်တော် စိုးရိမ်စရာ ကောင်းပါတယ်။ ညစ်ညမ်း ဓါတ်ပုံတွေကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။

Huawei က ဒီပြဿနာကို သိထားပြီး AI Algorithm ကို နောက်ထွက်မယ့် System Update တွေမှာ  ပြင်ဆင်ပေးမယ်လို့ ပြောပါတယ်။

Ref : gizmochina