Unicode

Huawei ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလဝန်းကျင်မှာ US အစိုးရရဲ့ ပိတ်ဆို့မှုကြောင့် Google အပါအဝင်ကုမ္ပဏီအများအပြားကပါ Ban ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အချိန်ထဲက Huawei စမတ်ဖုန်းတွေမှာ Google Mobile Services ကို ထည့်သွင်းနိုင်ခြင်းမရှိတော့တာ အခုအချိန်ထိလို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် Huawei ကနေ Mate 30 Series စမတ်ဖုန်းတွေနဲ့အတူ ကိုယ်ပိုင် Huawei Mobile Services (HMS) ကို မိတ်ဆက်လာခဲ့ပြီးတော့ Google Mobile Services ပါဝင်ခြင်းမရှိတဲ့စမတ်ဖုန်းတွေကို ရောင်းချလာခဲ့ပါတယ်။ အခုဆိုရင် Huawei ရဲ့ Austrian Country Manger ဖြစ်တဲ့ Fred Wangfei ကနေ တကယ်လို့ Google ကနေ သူ့ရဲ့ Service နဲ့ Apps တွေကို ပြန်သုံးခွင့်ပေးရင်တောင်မှ သုံးတော့မှာမဟုတ်ဘူးဆိုပြီး ပြောကြားလိုက်ပါတယ်။

Fred Wangfei ရဲ့ ပြောကြားချက်အရဆိုရင် Huawei ဟာ နောက်ပိုင်းမှာ အလားတူပိတ်ဆို့မှုမျိုးရှိလာနိုင်တဲ့အတွက် ပြန်ပြီး ပြောင်းလဲအသုံးပြုတော့မှာမဟုတ်ကြောင်းနဲ့ လက်ရှိ Android နဲ့ iOS အပြင် နောက်ထပ်ကိုယ်ပိုင် Ecosystem အသစ်ကိုပဲ ဖန်တီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Huawei ကနေ ဒီ Huawei Mobile Services (HMS) အတွက် Developer ပေါင်း ၄,၀၀၀ ကျော်နဲ့ တွဲဖက်အလုပ်လုပ်ကိုင်နေပြီး ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးထားတာလည်းဖြစ်ပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် Application တွေကိုလည်း Google ရဲ့ API တွေနဲ့ အတူညီဆုံးဖြစ်အောင် ဆောင်ရွက်နေသလို အရေးအပါဆုံး Individual API ၆၀ ထဲမှာ ၂၄ ခုကို Huawei Mobile Services ထဲမှာ Alternative အနေနဲ့ ထည့်သွင်းနိုင်ပြီလို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ရဲ့ အခုလိုမျိုး ပြောကြားချက်ဟာ နောက်ပိုင်း Huawei စမတ်ဖုန်းတွေဝယ်ယူမယ်ဆိုရင် Google Services နဲ့ Application တွေကို ကျိန်းသေလိုအပ်တဲ့သူတွေအတွက်ကတော့ ရွေးချယ်ဖို့ပိုပြီး ခက်ခဲသွားတော့မှာပါ။

Ref – Android Police

Zawgyi

Huawei ကုမၸဏီဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေမလဝန္းက်င္မွာ US အစိုးရရဲ႕ ပိတ္ဆို႔မႈေၾကာင့္ Google အပါအဝင္ကုမၸဏီအမ်ားအျပားကပါ Ban ခံခဲ့ရတာျဖစ္ပါတယ္။ အဆိုပါ အခ်ိန္ထဲက Huawei စမတ္ဖုန္းေတြမွာ Google Mobile Services ကို ထည့္သြင္းႏိုင္ျခင္းမရွိေတာ့တာ အခုအခ်ိန္ထိလို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒါေပမယ့္ Huawei ကေန Mate 30 Series စမတ္ဖုန္းေတြနဲ႔အတူ ကိုယ္ပိုင္ Huawei Mobile Services (HMS) ကို မိတ္ဆက္လာခဲ့ၿပီးေတာ့ Google Mobile Services ပါဝင္ျခင္းမရွိတဲ့စမတ္ဖုန္းေတြကို ေရာင္းခ်လာခဲ့ပါတယ္။ အခုဆိုရင္ Huawei ရဲ႕ Austrian Country Manger ျဖစ္တဲ့ Fred Wangfei ကေန တကယ္လို႔ Google ကေန သူ႔ရဲ႕ Service နဲ႔ Apps ေတြကို ျပန္သုံးခြင့္ေပးရင္ေတာင္မွ သုံးေတာ့မွာမဟုတ္ဘူးဆိုၿပီး ေျပာၾကားလိုက္ပါတယ္။

Fred Wangfei ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ Huawei ဟာ ေနာက္ပိုင္းမွာ အလားတူပိတ္ဆို႔မႈမ်ိဳးရွိလာႏိုင္တဲ့အတြက္ ျပန္ၿပီး ေျပာင္းလဲအသုံးျပဳေတာ့မွာမဟုတ္ေၾကာင္းနဲ႔ လက္ရွိ Android နဲ႔ iOS အျပင္ ေနာက္ထပ္ကိုယ္ပိုင္ Ecosystem အသစ္ကိုပဲ ဖန္တီးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ Huawei ကေန ဒီ Huawei Mobile Services (HMS) အတြက္ Developer ေပါင္း ၄,၀၀၀ ေက်ာ္နဲ႔ တြဲဖက္အလုပ္လုပ္ကိုင္ေနၿပီး ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ရင္းႏွီးထားတာလည္းျဖစ္ပါတယ္။ Huawei ရဲ႕ ကိုယ္ပိုင္ Application ေတြကိုလည္း Google ရဲ႕ API ေတြနဲ႔ အတူညီဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေနသလို အေရးအပါဆုံး Individual API ၆၀ ထဲမွာ ၂၄ ခုကို Huawei Mobile Services ထဲမွာ Alternative အေနနဲ႔ ထည့္သြင္းႏိုင္ၿပီလို႔လည္း သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei ရဲ႕ အခုလိုမ်ိဳး ေျပာၾကားခ်က္ဟာ ေနာက္ပိုင္း Huawei စမတ္ဖုန္းေတြဝယ္ယူမယ္ဆိုရင္ Google Services နဲ႔ Application ေတြကို က်ိန္းေသလိုအပ္တဲ့သူေတြအတြက္ကေတာ့ ေ႐ြးခ်ယ္ဖို႔ပိုၿပီး ခက္ခဲသြားေတာ့မွာပါ။

Ref – Android Police