[Zawgyi]

ျမန္မာ ICT နယ္ပယ္ဖြံ႕ၿဖိဳးေရးကို ဦးတည္ေဆာင္႐ြက္ ေနသည့္ Huawei ၏ ႏွစ္စဥ္အစီအစဥ္မ်ားအနက္မွတစ္ခုျဖစ္သည့္ Seeds for the Future အစီအစဥ္က ျမန္မာႏိုင္ငံတဝန္းရွိ ကြန္ပ်ဴတာႏွင့္နည္းပညာတကၠသိုလ္မ်ားမွ ထူးခြၽန္ေက်ာင္းသား၊ ေက်ာင္းသူ ၁၀ ဦးကို တ႐ုတ္ႏိုင္ငံ၊ ရွန္းက်န္းၿမိဳ႕ရွိ Huawei ႐ုံးခ်ဳပ္တြင္ ေလ့လာေရးခရီးစတင္ရန္ တတိယအႀကိမ္ေျမာက္ ေ႐ြးခ်ယ္လိုက္ၿပီျဖစ္သည္။ ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာန၊ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္၊ ပါေမာကၡ မ်ားေကာ္မတီတို႔ႏွင့္ ပူးေပါင္းကာစတင္ခဲ့သည့္ အဆိုပါအစီအစဥ္အတြက္ အခမ္းအနားတစ္ခုကို ရန္ကုန္ၿမိဳ႕ ရွိ Huawei Customer Innovation Center ၌ ယေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည္။

ေ႐ြးခ်ယ္ခံရသည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ တ႐ုတ္ႏိုင္ငံသို႔ ေမလ ၄ ရက္ေန႔မွ ၁၇ ရက္ေန႔ အထိ ၂ ပတ္အၾကာ သြားေရာက္ရမည္ျဖစ္ၿပီး ပထမတစ္ပတ္တာကာလအတြင္း ေပက်င္းတြင္ မတူညီသည့္ ယဥ္ေက်းမႈမ်ား အျပန္အလွန္ဖလွယ္ၾကကာ က်န္ရွိသည့္ တပတ္တာကာလအတြင္း 5G ၊ LTE ႏွင့္ cloud computing ကဲ့သို႔ ေနာက္ဆုံးေပၚနည္းပညာမ်ားကို ရွန္းက်န္းၿမိဳ႕တြင္ရွိေသာ Huawei ႐ုံးခ်ဳပ္၌ ေလ့လာရ မည္ ျဖစ္သည္။

Seeds for the Future သည္ ႏိုင္ငံတြင္း ICT အလားအလာရွိသူမ်ားေမြးထုတ္ေရး၊ အသိ ပညာဗဟုသုတ ဖလွယ္မႈျမႇင့္တင္ေရး၊ ICT နယ္ပယ္အေပၚ ႏိုင္ငံသားမ်ား၏ နားလည္မႈႏွင့္ စိတ္ပါဝင္စားမႈတိုးျမႇင့္ေရး၊ သက္ဆိုင္ရာနယ္ေျမအလိုက္ ဒစ္ဂ်စ္တယ္လူမႈပတ္ဝန္းက်င္တည္ေဆာက္ေရးကို တြန္းအားေပးေရး ႏွင့္ ပါဝင္ေဆာင္႐ြက္မႈျမင့္တက္လာေစေရးရည္မွန္းခ်က္မ်ားျဖင့္ ေဆာင္႐ြက္ေနသည့္ Huawei ၏ ႏိုင္ငံတကာ ထိပ္တန္းလူမႈအက်ိဳးျပဳအစီအစဥ္တစ္ခုျဖစ္သည္။ ပညာေရးဝန္ႀကီးဌာန၏ ပံ့ပိုးမႈျဖင့္ Huawei ႏွင့္ ပါေမာကၡ မ်ားေကာ္မတီတို႔ၾကားတြင္ (၃) ႏွစ္တာ ICT Talent Development Program အတြက္ သေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကၿပီး ပူးေပါင္းေဆာင္႐ြက္ၾကမည့္က႑ (၆) ခု အနက္မွ တစ္ခုျဖစ္သည့္ အဆိုပါအစီ အစဥ္ကို ျမန္မာႏိုင္ငံတြင္ ၂၀၁၇ ခုႏွစ္က စတင္ေဆာင္႐ြက္ခဲ့ၿပီး ယေန႔အခ်ိန္အထိ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူ ၃၀ ဦး အပါအဝင္ ကမာၻအႏွံ႔အျပားရွိ တကၠသိုလ္ေပါင္း ၄၀၀ ေက်ာ္မွ ႏိုင္ငံတကာေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၄,၅၀၀ ေက်ာ္ ပါဝင္ၿပီးျဖစ္သည္။ အစီအစဥ္တြင္ ပါဝင္ခြင့္ရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ Huawei ၏ အဆင့္ျမင့္လက္ေတြ႕စမ္းသပ္ခန္းမ်ားမွ အဆန္းသစ္ဆုံးေသာ ေနာက္ဆုံးေပၚ solutions မ်ားကို ေလ့လာေနစဥ္တြင္ ျမန္မာႏွင့္ကြဲျပားသည့္ ယဥ္ေက်းမႈမ်ားကိုလည္း ေသခ်ာစြာေလ့လာႏိုင္မည္ျဖစ္သည္။

Huawei Myanmar ၏ CEO ျဖစ္သူ Mr. Zhang Liman က “ျမန္မာတကၠသိုလ္ေက်ာင္းသား၊ ေက်ာင္း သူေတြအေနနဲ႔ ေနာက္ဆုံးေပၚ ICT ဆန္းသစ္တီထြင္မႈေတြကို ေလ့လာရင္း ယဥ္ေက်းမႈအျပန္အလွန္ ဖလွယ္ ၿပီး လုပ္ကိုင္ရတဲ့လုပ္ငန္းအေတြ႕အႀကဳံေတြရရွိေစဖို႔ ၂၀၁၇ ခုႏွစ္က စၿပီး Huawei က တတ္ႏိုင္သမွ် ပံ့ပိုး လာခဲ့ပါတယ္။ ဒီႏွစ္မွာ ဒီအစီအစဥ္ကို တတိယအႀကိမ္ေဆာင္႐ြက္ေပးရတာအတြက္ ဝမ္းေျမာက္မိပါတယ္။ အစီအစဥ္စတင္ခ်ိန္ကေန လက္ရွိအခ်ိန္အထိ အလားအလာရွိတဲ့ေက်ာင္းသား၊ ေက်ာင္းသူ ၃၀ ဦးကို တ႐ုတ္ႏိုင္ငံကို ေစလႊတ္ႏိုင္ခဲ့ပါၿပီ။ အနာဂတ္ဖြံ႕ၿဖိဳးေရးအစီအစဥ္ေအာင္ျမင္ဖို႔အတြက္ ICT နည္းပညာအေပၚ အားကိုးအားထားျပဳေနရတဲ့ႏိုင္ငံတစ္ခုမွာ အနာဂတ္ဒစ္ဂ်စ္တယ္ကမာၻတည္ေဆာက္ႏိုင္ဖို႔အတြက္ေတာ့ မ်ိဳးဆက္သစ္လူငယ္ေတြက အေကာင္းဆုံးေမွ်ာ္လင့္ခ်က္ပါပဲ။ ICT နယ္ပယ္ဖြံ႕ၿဖိဳးမႈအတြက္ အလိုအပ္ဆုံး အရာျဖစ္တဲ့ အလားအလာရွိသူေတြကို ေမြးထုတ္ေပးျခင္းက ျမန္မာႏိုင္ငံရဲ႕အလားအလာေကာင္းေတြကို တိုးတက္ေစႏိုင္ၿပီး က႑အသီးသီးရဲ႕ဖြံ႕ၿဖိဳးမႈကိုအရွိန္ျမႇင့္ေပးႏိုင္သလို သာယာဝေျပာတဲ့ဒစ္ဂ်စ္တယ္စီးပြား ေရးစနစ္ရဲ႕ အေျခခံအုတ္ျမစ္ကိုလည္း တည္ေဆာက္ေပးႏိုင္ပါတယ္။ အခုအစီအစဥ္မွာပါဝင္ခဲ့ၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေလးေတြဟာ တစ္ေန႔မွာ ျမန္မာႏိုင္ငံ ICT အခင္းအက်င္းကို ေနာက္ထပ္တစ္ဆင့္ ျမႇင့္တင္ေပးမယ့္ ICT ကြၽမ္းက်င္ပညာရွင္ေတြျဖစ္လာဖို႔ Huawei က ေမွ်ာ္လင့္ပါတယ္။” ဟု ေျပာၾကားသည္။

အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္၏ ဒုဥကၠဌ ျဖစ္သူ ေဒါက္တာညီလွငယ္ က “ICT နဲ႔ ဆက္စပ္ဘာသာရပ္ ေတြကို သင္ယူေနၾကတဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ တ႐ုတ္ႏိုင္ငံကို အလည္အပတ္သြား ေရာက္ၿပီး Huawei ရဲ႕ အဆင့္ျမင့္နည္းပညာေတြကို ဆက္လက္ေလ့လာႏိုင္ၾကေစဖို႔ Huawei ရဲ႕ Seeds for the Future အစီအစဥ္ ေရရွည္တည္တံ့ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။ ဒီအစီအစဥ္က ေက်ာင္းသား၊ ေက်ာင္းသူေတြကို ျမန္မာႏိုင္ငံရဲ႕ICT ေခါင္းေဆာင္ေတြအျဖစ္နဲ႔ ေအာင္ျမင္စြာ အသက္ေမြးဝမ္းေၾကာင္းျပဳ ႏိုင္ဖို႔ တြန္းအားေပးေနတဲ့ အစီအစဥ္ပါပဲ။” ဟု ေျပာၾကားသည္။

ပါေမာကၡမ်ားေကာ္မတီ၏ ဥကၠဌ ျဖစ္သူ ေဒါက္တာ ေဇာ္ေဝစိုး ကလည္း “ေက်ာင္းသား၊ ေက်ာင္းသူေတြ အားလုံးအတြက္ ဂုဏ္ယူပါတယ္။ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ျမန္မာ ICT နယ္ပယ္ရဲ႕ အနာဂတ္ျဖစ္သြားပါၿပီ။ ဒါေၾကာင့္ ျမန္မာ ICT နယ္ပယ္ဖြံ႕ၿဖိဳးေရးကိုေတြးၿပီး အေကာင္းဆုံး ႀကိဳးစားၾကဖို႔ မွာခ်င္ပါတယ္။ အခုဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ICT အေနအထားကို သြားေလ့လာႏိုင္ေတာ့မွာ ျဖစ္ၿပီးေတာ့ Huawei က ဘယ္လိုလုပ္ငန္းေဆာင္႐ြက္ေနတယ္ဆိုတာကိုလည္း ေတြ႕ျမင္ရမယ္။ အခုအခြင့္ အေရးက တစ္ဦးတစ္ေယာက္ခ်င္းဆီအတြက္လည္း အက်ိဳးရွိေစမွာပါ။ တစ္ဦးတစ္ေယာက္ခ်င္း တိုးတက္ရာ ကေန ျမန္မာႏိုင္ငံမွာရွိတဲ့ တကၠသိုလ္ေတြပိုၿပီးဖြံ႕ၿဖိဳးလာဖို႔ ကူညီႏိုင္လာမယ္။ ဒါေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြကိုေရာ ျမန္မာတကၠသိုလ္ေတြကိုပါ အခြင့္အေရးေတြရရွိေစမယ့္ ဒီအစီအစဥ္ကို ေဆာင္႐ြက္ေပးတဲ့ Huawei ကို ေက်းဇူးအထူးတင္ပါတယ္။ ဒါက အနာဂတ္မွာ အရမ္းကို အကူအညီ ျဖစ္လာမယ္ဆိုတာ အေသအခ်ာ ပါပဲ။” ဟု ေျပာၾကားသည္။

“Seeds for the Future အစီအစဥ္ရဲ႕ေက်ာင္းသားေဟာင္းေတြက ျပန္မွ်ေဝေပးတဲ့ အေတြ႕အႀကဳံနဲ႔ အသိပညာဗဟုသုတေတြေၾကာင့္ ကြၽန္မတို႔ကိုယ္တိုင္ ဒီအစီအစဥ္ကိုပါဝင္ၿပီး ICT နည္းပညာနဲ႔ ပတ္သက္တဲ့ အသိပညာေတြကို ျမႇင့္တင္ခ်င္လာပါတယ္။ ဒီလိုတန္ဖိုးရွိၿပီးရခဲတဲ့အခြင့္အေရးက ကြၽန္မတို႔ရဲ႕ အနာဂတ္ သက္ေမြးဝမ္းေက်ာင္းမႈလုပ္ငန္းနဲ႔ ပညာေလ့လာဆည္းပူးေရးမွာ အမ်ားႀကီး အေထာက္အကူျဖစ္မယ္ဆိုတာ ယုံၾကည္ပါတယ္။ ဒီအစီအစဥ္က ေလ့လာခဲ့ရတဲ့ကြၽမ္းက်င္မႈေတြကို အသုံးျပဳၿပီး ဒစ္ဂ်စ္တယ္ျမန္မာႏိုင္ငံ တည္ေဆာက္ေရးမွာ ကြၽန္မတို႔အားလုံး ပိုၿပီးထိထိေရာက္ေရာက္ ပါဝင္ေပးႏိုင္လာမွာပါ။” ဟု တတိယအႀကိမ္ Seeds for the Future အစီအစဥ္တြင္ ေ႐ြးခ်ယ္ခံရသည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ ကိုယ္စား မဖူးပြင့္သဲခိုင္ က ေျပာၾကားခဲ့သည္။

ျမန္မာ့ဆက္သြယ္ေရးနယ္ပယ္အတြက္ ICT က႑တြင္ အလားအလာရွိသူ အေျမာက္အမ်ားလိုအပ္ေနျခင္း ေၾကာင့္ Huawei က ႏိုင္ငံ၏ ICT နယ္ပယ္ဖြံ႕ၿဖိဳးေရးကို ျမႇင့္တင္ေပးရန္ ဆက္လက္ႀကိဳးပမ္းသြားမည္ဟု ကတိကဝတ္ျပဳထားသည္။ အဆိုပါအခက္အခဲကိုေျဖရွင္းရန္ Huawei က HAINA (Huawei Authorized Information and Network Academy) အစီအစဥ္၊ ျမန္မာႏိုင္ငံတဝန္းရွိ ကြန္ပ်ဴတာႏွင့္ နည္းပညာ တကၠသိုလ္မ်ားမွ ထူးခြၽန္ေက်ာင္းသားေက်ာင္းသူ ၅၀ ဦးကို ၎၏ ပညာေရးလမ္းေၾကာင္းေျဖာင့္ျဖဴးစြာ ဆက္လက္ေလွ်ာက္လွမ္းႏိုင္ေစရန္အတြက္ ပညာသင္ဆုမ်ားေပး အပ္ေနသည့္ Huawei ICT Development Talent Scholarship အစီအစဥ္၊ Seeds for the Future အစီအစဥ္ ႏွင့္ ကမာၻ႔ဦးေဆာင္ ICT ကုမၸဏီတြင္ လုပ္ငန္းအေတြ႕အႀကဳံမ်ား ရယူႏိုင္ေစရန္ Huawei Myanmar တြင္ အလုပ္သင္အစီအစဥ္မ်ားေဆာင္႐ြက္ ေပးကာ ျမန္မာ ICT က႑အားအေထာက္အပံ့ေပးႏိုင္မည့္ နည္းပညာအရင္းအျမစ္မ်ား ပိုမိုမ်ားျပားလာေစ ေရးကို ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္။

[Unicode]

တတိယအကြိမ်မြောက် Huawei Seeds for the Future အစီအစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ တရုတ်နိုင်ငံ၌ နောက်ဆုံးပေါ် ICT နည်းပညာများ သွားရောက်လေ့လာမည်

မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက် နေသည့် Huawei ၏ နှစ်စဉ်အစီအစဉ်များအနက်မှတစ်ခုဖြစ်သည့် Seeds for the Future အစီအစဉ်က မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်များမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို တရုတ်နိုင်ငံ၊ ရှန်းကျန်းမြို့ရှိ Huawei ရုံးချုပ်တွင် လေ့လာရေးခရီးစတင်ရန် တတိယအကြိမ်မြောက် ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခ များကော်မတီတို့နှင့် ပူးပေါင်းကာစတင်ခဲ့သည့် အဆိုပါအစီအစဉ်အတွက် အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ ရှိ Huawei Customer Innovation Center ၌ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွေးချယ်ခံရသည့်ကျောင်းသား၊ ကျောင်းသူများသည် တရုတ်နိုင်ငံသို့ မေလ ၄ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ၂ ပတ်အကြာ သွားရောက်ရမည်ဖြစ်ပြီး ပထမတစ်ပတ်တာကာလအတွင်း ပေကျင်းတွင် မတူညီသည့် ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ကြကာ ကျန်ရှိသည့် တပတ်တာကာလအတွင်း 5G ၊ LTE နှင့် cloud computing ကဲ့သို့ နောက်ဆုံးပေါ်နည်းပညာများကို ရှန်းကျန်းမြို့တွင်ရှိသော Huawei ရုံးချုပ်၌ လေ့လာရ မည် ဖြစ်သည်။

Seeds for the Future သည် နိုင်ငံတွင်း ICT အလားအလာရှိသူများမွေးထုတ်ရေး၊ အသိ ပညာဗဟုသုတ ဖလှယ်မှုမြှင့်တင်ရေး၊ ICT နယ်ပယ်အပေါ် နိုင်ငံသားများ၏ နားလည်မှုနှင့် စိတ်ပါဝင်စားမှုတိုးမြှင့်ရေး၊ သက်ဆိုင်ရာနယ်မြေအလိုက် ဒစ်ဂျစ်တယ်လူမှုပတ်ဝန်းကျင်တည်ဆောက်ရေးကို တွန်းအားပေးရေး နှင့် ပါဝင်ဆောင်ရွက်မှုမြင့်တက်လာစေရေးရည်မှန်းချက်များဖြင့် ဆောင်ရွက်နေသည့် Huawei ၏ နိုင်ငံတကာ ထိပ်တန်းလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Huawei နှင့် ပါမောက္ခ များကော်မတီတို့ကြားတွင် (၃) နှစ်တာ ICT Talent Development Program အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ကြမည့်ကဏ္ဍ (၆) ခု အနက်မှ တစ်ခုဖြစ်သည့် အဆိုပါအစီ အစဉ်ကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်အထိ မြန်မာကျောင်းသား၊ ကျောင်းသူ ၃၀ ဦး အပါအဝင် ကမ္ဘာအနှံ့အပြားရှိ တက္ကသိုလ်ပေါင်း ၄၀၀ ကျော်မှ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူပေါင်း ၄,၅၀၀ ကျော် ပါဝင်ပြီးဖြစ်သည်။ အစီအစဉ်တွင် ပါဝင်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Huawei ၏ အဆင့်မြင့်လက်တွေ့စမ်းသပ်ခန်းများမှ အဆန်းသစ်ဆုံးသော နောက်ဆုံးပေါ် solutions များကို လေ့လာနေစဉ်တွင် မြန်မာနှင့်ကွဲပြားသည့် ယဉ်ကျေးမှုများကိုလည်း သေချာစွာလေ့လာနိုင်မည်ဖြစ်သည်။

 

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “မြန်မာတက္ကသိုလ်ကျောင်းသား၊ ကျောင်း သူတွေအနေနဲ့ နောက်ဆုံးပေါ် ICT ဆန်းသစ်တီထွင်မှုတွေကို လေ့လာရင်း ယဉ်ကျေးမှုအပြန်အလှန် ဖလှယ် ပြီး လုပ်ကိုင်ရတဲ့လုပ်ငန်းအတွေ့အကြုံတွေရရှိစေဖို့ ၂၀၁၇ ခုနှစ်က စပြီး Huawei က တတ်နိုင်သမျှ ပံ့ပိုး လာခဲ့ပါတယ်။ ဒီနှစ်မှာ ဒီအစီအစဉ်ကို တတိယအကြိမ်ဆောင်ရွက်ပေးရတာအတွက် ဝမ်းမြောက်မိပါတယ်။ အစီအစဉ်စတင်ချိန်ကနေ လက်ရှိအချိန်အထိ အလားအလာရှိတဲ့ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးကို တရုတ်နိုင်ငံကို စေလွှတ်နိုင်ခဲ့ပါပြီ။ အနာဂတ်ဖွံ့ဖြိုးရေးအစီအစဉ်အောင်မြင်ဖို့အတွက် ICT နည်းပညာအပေါ် အားကိုးအားထားပြုနေရတဲ့နိုင်ငံတစ်ခုမှာ အနာဂတ်ဒစ်ဂျစ်တယ်ကမ္ဘာတည်ဆောက်နိုင်ဖို့အတွက်တော့ မျိုးဆက်သစ်လူငယ်တွေက အကောင်းဆုံးမျှော်လင့်ချက်ပါပဲ။ ICT နယ်ပယ်ဖွံ့ဖြိုးမှုအတွက် အလိုအပ်ဆုံး အရာဖြစ်တဲ့ အလားအလာရှိသူတွေကို မွေးထုတ်ပေးခြင်းက မြန်မာနိုင်ငံရဲ့အလားအလာကောင်းတွေကို တိုးတက်စေနိုင်ပြီး ကဏ္ဍအသီးသီးရဲ့ဖွံ့ဖြိုးမှုကိုအရှိန်မြှင့်ပေးနိုင်သလို သာယာဝပြောတဲ့ဒစ်ဂျစ်တယ်စီးပွား ရေးစနစ်ရဲ့ အခြေခံအုတ်မြစ်ကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။ အခုအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ တစ်နေ့မှာ မြန်မာနိုင်ငံ ICT အခင်းအကျင်းကို နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးမယ့် ICT ကျွမ်းကျင်ပညာရှင်တွေဖြစ်လာဖို့ Huawei က မျှော်လင့်ပါတယ်။” ဟု ပြောကြားသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ဒုဥက္ကဌ ဖြစ်သူ ဒေါက်တာညီလှငယ် က “ICT နဲ့ ဆက်စပ်ဘာသာရပ် တွေကို သင်ယူနေကြတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် တရုတ်နိုင်ငံကို အလည်အပတ်သွား ရောက်ပြီး Huawei ရဲ့ အဆင့်မြင့်နည်းပညာတွေကို ဆက်လက်လေ့လာနိုင်ကြစေဖို့ Huawei ရဲ့ Seeds for the Future အစီအစဉ် ရေရှည်တည်တံ့ပါစေလို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်က ကျောင်းသား၊ ကျောင်းသူတွေကို မြန်မာနိုင်ငံရဲ့ICT ခေါင်းဆောင်တွေအဖြစ်နဲ့ အောင်မြင်စွာ အသက်မွေးဝမ်းကြောင်းပြု နိုင်ဖို့ တွန်းအားပေးနေတဲ့ အစီအစဉ်ပါပဲ။” ဟု ပြောကြားသည်။

ပါမောက္ခများကော်မတီ၏ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ဇော်ဝေစိုး ကလည်း “ကျောင်းသား၊ ကျောင်းသူတွေ အားလုံးအတွက် ဂုဏ်ယူပါတယ်။ ရွေးချယ်ခံခဲ့ရတဲ့ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာ ICT နယ်ပယ်ရဲ့ အနာဂတ်ဖြစ်သွားပါပြီ။ ဒါကြောင့် မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုးရေးကိုတွေးပြီး အကောင်းဆုံး ကြိုးစားကြဖို့ မှာချင်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ ICT အနေအထားကို သွားလေ့လာနိုင်တော့မှာ ဖြစ်ပြီးတော့ Huawei က ဘယ်လိုလုပ်ငန်းဆောင်ရွက်နေတယ်ဆိုတာကိုလည်း တွေ့မြင်ရမယ်။ အခုအခွင့် အရေးက တစ်ဦးတစ်ယောက်ချင်းဆီအတွက်လည်း အကျိုးရှိစေမှာပါ။ တစ်ဦးတစ်ယောက်ချင်း တိုးတက်ရာ ကနေ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေပိုပြီးဖွံ့ဖြိုးလာဖို့ ကူညီနိုင်လာမယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေကိုရော မြန်မာတက္ကသိုလ်တွေကိုပါ အခွင့်အရေးတွေရရှိစေမယ့် ဒီအစီအစဉ်ကို ဆောင်ရွက်ပေးတဲ့ Huawei ကို ကျေးဇူးအထူးတင်ပါတယ်။ ဒါက အနာဂတ်မှာ အရမ်းကို အကူအညီ ဖြစ်လာမယ်ဆိုတာ အသေအချာ ပါပဲ။” ဟု ပြောကြားသည်။

“Seeds for the Future အစီအစဉ်ရဲ့ကျောင်းသားဟောင်းတွေက ပြန်မျှဝေပေးတဲ့ အတွေ့အကြုံနဲ့ အသိပညာဗဟုသုတတွေကြောင့် ကျွန်မတို့ကိုယ်တိုင် ဒီအစီအစဉ်ကိုပါဝင်ပြီး ICT နည်းပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို မြှင့်တင်ချင်လာပါတယ်။ ဒီလိုတန်ဖိုးရှိပြီးရခဲတဲ့အခွင့်အရေးက ကျွန်မတို့ရဲ့ အနာဂတ် သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနဲ့ ပညာလေ့လာဆည်းပူးရေးမှာ အများကြီး အထောက်အကူဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီအစီအစဉ်က လေ့လာခဲ့ရတဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး ဒစ်ဂျစ်တယ်မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ကျွန်မတို့အားလုံး ပိုပြီးထိထိရောက်ရောက် ပါဝင်ပေးနိုင်လာမှာပါ။” ဟု တတိယအကြိမ် Seeds for the Future အစီအစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်စား မဖူးပွင့်သဲခိုင် က ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်အတွက် ICT ကဏ္ဍတွင် အလားအလာရှိသူ အမြောက်အများလိုအပ်နေခြင်း ကြောင့် Huawei က နိုင်ငံ၏ ICT နယ်ပယ်ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် Huawei က HAINA (Huawei Authorized Information and Network Academy) အစီအစဉ်၊ မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များမှ ထူးချွန်ကျောင်းသားကျောင်းသူ ၅၀ ဦးကို ၎င်း၏ ပညာရေးလမ်းကြောင်းဖြောင့်ဖြူးစွာ ဆက်လက်လျှောက်လှမ်းနိုင်စေရန်အတွက် ပညာသင်ဆုများပေး အပ်နေသည့် Huawei ICT Development Talent Scholarship အစီအစဉ်၊ Seeds for the Future အစီအစဉ် နှင့် ကမ္ဘာ့ဦးဆောင် ICT ကုမ္ပဏီတွင် လုပ်ငန်းအတွေ့အကြုံများ ရယူနိုင်စေရန် Huawei Myanmar တွင် အလုပ်သင်အစီအစဉ်များဆောင်ရွက် ပေးကာ မြန်မာ ICT ကဏ္ဍအားအထောက်အပံ့ပေးနိုင်မည့် နည်းပညာအရင်းအမြစ်များ ပိုမိုများပြားလာစေ ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။