လွန်ခဲ့တဲ့ တစ်ပတ် လောက်က တရုတ်ပြည်တွင်း Leak တစ်ခုမှာ Huawei ဟာ ဩဂုတ် ၁၉ ရက်နေ့မှာ Laptop အသစ်တစ်ခုကို မိတ်ဆက်လာတော့မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဒီထုတ်ကုန်အသစ်ကို မျိုးဆက်သစ် MateBook X Pro ဖြစ်မယ်လို့ ထင်မထားခဲ့ပါဘူး။

ယနေ့မှာတော့ Huawei ကုမ္ပဏီက Teaser ဗီဒီယိုတစ်ခုကို ထုတ်လာခဲ့ပြီး အဆိုပါ ဗီဒီယိုထဲမှာ MateBook X Pro ရဲ့ အမည်နဲ့ မိတ်ဆက်မယ့် နေ့စွဲတို့ကို တပြိုင်တည်း အတည်ပြုပေးလာခဲ့ပါတယ်။ ဒါ့ကြောင့် MateBook X Pro ဟာ မျိုးဆက်သစ် မော်ဒယ်တစ်ခုကို ရရှိတော့မှာပါ။

Teaser ထဲမှာတော့ အရင် သတင်းထွက်ထားတဲ့ အတိုင်းပဲ ဒီလက်ပ်တော့အသစ်ရဲ့ ပါးလွှာပေါ့ပါးမှုကို အသားပေး ဖော်ပြထားတာပဲ မြင်တွေ့ရပြီး မျိုးဆက်ဟောင်းထက် Portability ပိုကောင်းမယ့် သဘော ဖြစ်ပါတယ်။ အရင်သတင်းတွေမှာ ဒီ Laptop အသစ်မှာ အလွန်ပါးလွှာတဲ့ Bezel တွေ ပါဝင်တာကြောင့် Floating Screen လို့ နှိုင်းယှဉ်ရမယ့် Display မျိုး ပါဝင်မယ်လို့ ဆိုထားပါတယ်။

MateBook X Pro အသစ်ရဲ့ Resolution ကလည်း 3K ထိ ရရှိနိုင်မှာပါ။ ရက်ပိုင်းအတွင်း ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ ကျန်သေးတဲ့ အချက်အလက်တွေကို မြင်ရဖို့ အကြာကြီး စောင့်စရာ မလိုတော့ပါဘူး။

Ref – GSMArena