Huawei က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပပြီး ထုတ်ကုန် အသစ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။ Huawei ရဲ့ ပိုစတာမှာ Hinge ၂ ခု ပါတဲ့ ၃ ခေါက်ချိုးဖုန်းကို ပြသထားပြီး ကုမ္ပဏီရဲ့ CEO ကတိပေးထားသလို စက်တင်ဘာလမှာ ကြေညာတော့မှာပါ။

Huawei invitation for September 10

နောက်ထပ် Teaser ၁ ခုမှာ ထိုင်ခုံ ၅ ခု ပါတဲ့ Aito M9 လျှပ်စစ်ကား မော်ဒယ်အသစ်ကို ကြေညာမယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ သတင်းထွက်နေတဲ့ Watch GT 5 နဲ့ Watch D2 တို့ကိုလည်း ကြေညာနိုင်ပါတယ်။

Huawei က ဒီလ ၁၀ ရက်နေ့မှာ ကြေညာမယ့် ထုတ်ကုန်တွေအကြောင်းကို ဘာမှ မပြောသေးပေမယ့် ၃ ခေါက်ချိုးဖုန်းဟာ Z ပုံသဏ္ဍာန် ဖြစ်နိုင်ပါတယ်။ အဲဒီဖုန်းဟာ နမူနာမော်ဒယ် ဖြစ်နိုင်ပြီး မကြာခင်ရောင်းချမှာ မဟုတ်သေးပါဘူး။

Aito M9 အသစ်ဟာ စွမ်းရည်မြင့် SUV ဖြစ်ပြီး Huawei နဲ့ Seres တို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီကားမှာ HarmonyOS နဲ့ Celia Voice Assistant ပါလာမှာ ဖြစ်ပါတယ်။ LiDAR Sensor နဲ့ ကားစက်နှိုးဖို့ Face Recognition ထည့်သွင်းထားမှာပါ။

Ref : gsmarena