မီးအရမ်းပျက်တဲ့ မြန်မာနိုင်ငံနဲ့ဆိုရင် ကွက်တိကျတဲ့ ဖုန်း ၁ လုံး ထွက်လာပါပြီ။ အဲဒါကတော့ 6,000mAh Battery ပါတဲ့ Huawei Enjoy 70z ဖြစ်ပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းမှာ အရွယ်ကြီး Battery ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

အားသွင်းနှုန်းက 22.5W ဆိုတော့ တန်ဖိုးနည်း ဖုန်းအတွက် မဆိုးပါဘူး။ တရုတ်မှာ Huawei ရဲ့ အွန်လိုင်း စတိုးကနေ ကြိုတင် ရောင်းချပေးနေပါပြီ။

HUAWEI Enjoy 70z launched: 6.75-inch LCD, 6,000mAh battery, up to 256GB storage!

Huawei Enjoy 70z မှာ 256GB Storage အထိ ထည့်သွင်းထားတာက ပေးရတဲ့ဈေးထက် ပိုကောင်းနေပါတယ်။ Huawei HarmonyOS 4 အထိ အဆင့်မြှင့်နိုင်မှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်က ၁,၀၉၉ ယွမ် ဖြစ်ပြီး ၁၅၂ ဒေါ်လာဝန်းကျင်ကျသင့်ပါတယ်။

Huawei unveils Enjoy 70z with 6,000 mAh battery - YouTube

အဲဒီ ဈေးနှုန်းဟာ 128GB Storage မော်ဒယ်အတွက် ဖြစ်ပြီး 256GB Storage မော်ဒယ်ကိုလိုချင်ရင် ၁,၂၉၉ ယွမ် ကျသင့်မှာ ဖြစ်ပါတယ်။

Huawei Enjoy 70z ဟာ တရုတ်မှာ ရောင်းချထားတဲ့ Enjoy 70 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ အနက်၊ အဖြူနဲ့ အပြာရောင် ထုတ်လုပ်ထားပါတယ်။ Enjoy 70 ကို နိုင်ငံတကာမှာ Huawei nova Y72 အမည်နဲ့ ရောင်းချထားတဲ့အတွက် Enjoy 70z ကိုလည်း နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena