Huawei က တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Huawei MatePad 11.5 (2024) လို့ အမည်ပေးထားပြီး ဒီဇိုင်းလှပကာ အလုပ်လုပ်ဖို့နဲ့ ဖျော်ဖြေရေးအတွက် အထူး ထုတ်လုပ်ထားပါတယ်။

Huawei MatePad 11.5 (2024)

MatePad 11.5 မှာ 11.5” TFT LCD 2200x1440p Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အလင်းပြန်မှုကို လျှော့ချပေးပြီး Viewing Experience ကောင်းမွန်စေတဲ့ PaperMatte နည်းပညာ ထည့်သွင်းထားပါတယ်။

Huawei launches MatePad 11.5 2024 with 7700mAh battery and HarmonyOS 4.2 -  Huawei Central

Huawei ရဲ့ နောက်ဆုံးထုတ် Operating System ဖြစ်တဲ့ HarmonyOS 4.2 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ 30W Fast Charging ထောက်ပံ့ထားတဲ့ 7700mAh Battery ပါပါတယ်။

MatePad 11.5 အတွက် Island Blue, Frost Silver နဲ့ Space Gray အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၆၉၉ ယွမ် (၁,၀၅၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ်ကို ၂၀၉၉ ယွမ် ( ၁,၃၀၀,၀၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Huawei ဟာ မကြာခင်မှာ Mate 70 Series ကို ကြေညာဖို့ စီစဉ်ထားပြီး ပေါက်ကြားသတင်းအရ Variable Aperture ပါတဲ့ 50MP Main ကင်မရာ နဲ့ 12MP Periscope Telephoto ကင်မရာ (5x Optical Zoom) ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Display က 6.69” ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။

Ref : gizmochina