၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သော မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ယန္တရား (LMC) ၏ အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့သော တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ကမ္ဘာ့ဦးဆောင် သတင်းအချက်အလက်နှင့် နည်းပညာများ ထုတ်လုပ်သူ Huawei မှ အမေရိကန် ဒေါ်လာ (၄၀၀၀) တန်ဖိုးရှိ ဗီဒီယို ကွန်ဖရန့် စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ ကို ပံ့ပိုးကူညီပေးခဲ့သည်။

တတိယအကြိမ်မြောက် LMC အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များမှ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်မှုပြုခဲ့ကြပြီး၊ ပူးပေါင်းဆောင်ရွက်မှု မူဘောင်၏ အနာဂတ် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် COVID-19 အခြေအနေ ပြောင်းလဲမှု နှင့် ကပ်ရောဂါ ကာလလွန်ပြီးသည့်နောက် လူမှုပတ်ဝန်းကျင်နှင့် စီးပွားရေး ပြန်လည် နာလန်ထူလာ နိုင်မှုများအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သမ္မတဖြစ်သူ ဦးဝင်းမြင့် နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Keqiang ၊ လာအိုနိုင်ငံဝန်ကြီးချုပ် Mr. Thongloun Sisoulith ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Hun Sen ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Prayut Chan-o-cha နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc တို့တက်ရောက်ခဲ့သည်။

“HUAWEI CloudLink Room ဗီဒီယို ကွန်ဖရန့် စနစ်တွေကို အသုံးပြုပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပံ့ပိုးကူညီခွင့်ရတာ အလွန်တရာ ဂုဏ်ယူမိပါတယ်။ ဒီ ဘက်စုံသုံး အဆင့်မြင့် ဆက်သွယ်ရေးစနစ် “integrated multifunctional collaborative telepresence system” ဟာ ပူးပေါင်း ဆွေးနွေးမှုတွေရဲ့ စံပြ ပလက်ဖောင်းပါပဲ။ အွန်လိုင်း ဆွေးနွေးပွဲ၊ အစည်းအဝေးတွေ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့အတွက် ဖန်သားပြင် နှစ်ဖက်ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း၊ အရည်အသွေးမြင့် အသံစနစ်၊ ရုပ်ထွက်အကောင်းမွန်ဆုံး Ultra HD ဗီဒီယို ကင်မရာ စွမ်းဆောင်ရည်တို့ ပါဝင်တဲ့အပြင် အလိုအလျောက် ထိတွေ့ မျက်နှာပြင်နဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း စတာတွေကို ထည့်သွင်းထားပါတယ်။ နယ်စပ်ဖြတ်ကျော် ထိပ်သီးအစည်းအဝေးတွေအတွက် ထိရောက် လုံလောက်တဲ့ ဆက်ဆံပြန်ကြားရေးတွေက အရေးပါသလို လတ်တလော COVID-19 ရာသီအတွက် အသင့်လျော်ဆုံးလည်း ဖြစ်မယ့် အဆင့်မြင့် အွန်လိုင်း ကွန်ဖရင့် တွေအတွက် အဖြေတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နိုင်ငံတကာက ဆွေးနွေးကြသူတွေက ဒီ အရှိန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသအတွက် ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ဖော်ဆောင်ဖို့ အချက်အချာကျတဲ့ အွန်လိုင်းအစည်းအဝေး ရပ်ဝန်းတစ်ခုကို ဒီစနစ်က ပုံဖော်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က ဆိုသည်။

HUAWEI RP Series Room Telepresence Systems ပေါ်အခြေခံ၍ မူလ အစည်းအဝေးခန်းများကို HD မျက်နှာပြင်နှစ်ခုပါဝင်သော ဗီဒီယို ကွန်ဖရန့်ခန်းများအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးထားသော ဗားရှင်းအတွက် Huawei သည် စစ်မှန်ချောမွေ့သော ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အတွက် အဆင့်မြင့် ရုပ်သံလုပ်ငန်းစဉ်နှင့် အမှားပြင်ဆင်သည့် နည်းပညာများကိုပါ ထည့်သွင်း ပေးခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် အခြား LMC အဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံမှ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံမှ ခေါင်းဆောင်အကြား အွန်လိုင်းမှ တွေ့ဆုံရာတွင် အထစ်အငေါ့မရှိ ချောမွေ့သော အစည်းအဝေး တစ်ခု ဖြစ်ပေါ်စေရန် ဖန်တီးပေးနိုင်ခဲ့သည်။

ယင်းကဲ့သို့ပံ့ပိုးလှူဒါန်းမှုအတွက် မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က Huawei Myanmar အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ မှ “Huawei ရဲ့ ဗီဒီယို ကွန်ဖရန့်စနစ်နဲ့ နည်းပညာတွေဟာ ကျွန်တော်တို့အတွက် အလွန်ပဲ အထောက်အကူဖြစ်စေပါတယ်။ ဒီလို နည်းပညာတွေ ပံ့ပိုးကူညီပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဇွန်လတွင် Huawei က ၎င်း၏ Telemedicine Video Conference Solution ကို မြန်မာနိုင်ငံ COVID-19 ကုသရေးစင်တာ (ဖောင်ကြီး) နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်သို့ ပေးအပ်လှူဒါန်းခဲ့သေးသည်။ ICT နည်းပညာ ပံ့ပိုးသူ Huawei သည် ၎င်း၏ HUAWEI CLOUD AI အထောက်အကူပြု ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်း စနစ်ကိုလည်း ဖောင်ကြီးကုသရေးဌာနသို့ ပေးအပ်ခဲ့ပြီး အဆိုပါ စနစ်သည် ယုံကြည်စိတ်ချရသော မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုကို တပ်ဆင်ထားပြီး ရောဂါကူးစက်မှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်းကို နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ တိုးမြှင့်ပေးနိုင်မည့်စနစ် အပါအဝင် လူနာများအတွက် Computed Tomography (CT) နှင့် ရောဂါစစ်ဆေးအတည်ပြုသည့် ကာလကို ပိုမို တိုတောင်းစေရန် လျှော့ချပေးနိုင်မည့် စနစ်တို့ တပ်ဆင်ထားသည်။

Source – HUAWEI