၂၀၂၀ နှစ်ဦးပိုင်းကတည်းက Huawei ဟာ ထုတ်ကုန်သစ်တွေကို ဆက်တိုက်ဆိုသလို မိတ်ဆက်ပေးနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကိုပြောရရင် Huawei Enjoy 20 နဲ့ Enjoy 20 Plus တို့ပါ။ ဒါပေမယ့် Watch GT2 Pro ကလည်း မိတ်ဆက်မယ့် အစီအစဉ်ထဲမှာ ရှိနေပါတယ်။

ထုတ်ကုန်သစ်အများစုကို တရုတ်ပြည်တွင်းဈေးကွက်ထဲမှာပဲ သီးသန့်ဖြန့်ချိခဲ့တယ်ဆိုပေမယ့် Watch GT2 pro ကတော့ နိုင်ငံတကာဈေးကွက်ထဲအထိ ဖြန့်ချိမယ်လို့ သိရပါတယ်။ အခုတော့ WinFuture ကနေတစ်ဆင့် ဒီစမတ်နာရီရဲ့ ရုပ်ပုံတွေနဲ့ အချက်အလက်တွေကို သိလာရပြီ ဖြစ်ပါတယ်။

Roland Quandt က Watch GT2 Pro ဟာ ပြီးခဲ့တဲ့နှစ်က Watch GT 2 ကို အနည်းငယ် အဆင့်မြှင့်တင်ထားတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ စမတ်နာရီကို လာမယ့် သီတင်းပတ်တွေအတွင်း €280 (၄ သိန်း ၄ သောင်းခွဲ) ဝန်းကျင်ဈေးနှုန်းနဲ့ ရောင်းချမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီနာရီဟာ 1.39-inch 454 x 454 pixel OLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

Watch GT 2 Pro ဟာ Stainless steel ကိုယ်ထည်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 46mm အရွယ်အစားကို အရောင်နှစ်မျိုးနဲ့ ရရှိုင်မှာပါ။ လက်ပတ်ကြိုးကတော့ ဆီလီကွန်၊ ဒါမှမဟုတ် သားရေနဲ့ရရှိနိုင်ပြီး အရောင်စုံလည်း ရွေးချယ်နိုင်ပါတယ်။ HiSilicon Kirin A1 chip ကို အသုံးပြုထားပြီး Feature တွေကတော့ Watch GT 2 နဲ့ အတူတူပဲ လို့ သိရပါတယ်။

RAM ကတော့ 32MB ဖြစ်ပြီး နာရီတွင်းသိုလှောင်မှုပမာဏက 4GB ဖြစ်ပါတယ်။ ထုံးစံအတိုင်း GPS, accelerometer, gyro, barometer, compass, GPS စတာတွေထောက်ပံ့ထားပြီး ဘက်ထရီပမာဏကတော့ 455mAh ဖြစ်ပါတယ်။ နှလုံးခုန်မှုအာရုံခံကိရိယာ SpO2 ကိုလည်း ထောက်ပံ့ပေးထားသလို၊ 50m အထိလည်း ရေစိုခံနိုင်တယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းကတော့ ၁၄ ရက်ထိ အသုံးခံမယ်လို့ ဆိုပါတယ်။

Ref: Gizmochina