ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Huawei ကနေ Watch GT 2 Pro အကြောင်းကို ထုတ်ပြလိုက်ပါတယ်။ သူက Huawei ရဲ့ နောက်ဆုံးထွက် Smartwatch ဖြစ်ပြီး Professional Sports Modes တွေနဲ့ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်မှာပါ။

ထွက်ခဲ့ပြီးသား Huawei Smartwatch တွေထက်တော့ စျေးပိုကြီးမှာ ဖြစ်ပြီး ယူရို ၃၂၉ (မြန်မာငွေ ငါးသိန်း နှစ်သောင်း ဝန်းကျင်) ကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Watch GT 2 Pro ထက် စျေးပိုကြီးမယ့် မော်ဒယ်တစ်ခုကိုလည်း ထပ်ထွက်လာဖို့ ရှိပြီး Huawei Watch GT RS ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်သွားမှာပါ။ ဒီသတင်း အချက်အလက်တွေကတော့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တစ်ခုကနေ သိရတာ ဖြစ်ပြီး စျေးပိုကြီးတဲ့ မော်ဒယ် Watch GT RS ကို Mate 40 series နဲ့ အတူ ကြေညာသွားမယ်လို့ သူက ဆိုပါတယ်။

လောလောဆယ် အဆိုပါ Smartwatch နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မသိရသေးပေမယ့် ကြိုးမဲ့ အားသွင်းစနစ်၊ သွေးထဲက အောက်ဆီဂျင်ပမာဏ တိုင်းတာတဲ့ စနစ် နဲ့ Professional Sports Modes တွေပါဝင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ Electrocardiogram (ECG) စနစ်ပါ တခါထဲ ပါဝင်နိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ Watch GT 2 Pro က ယူရို ၃၂၉ (မြန်မာငွေ ငါးသိန်း နှစ်သောင်း ဝန်းကျင်) ကနေ စတင်ဝယ်ယူလို့ရမယ်ဆိုရင် Watch GT RS က ယူရို ၃၉၉ (မြန်မာငွေ ခြောက်သိန်း သုံးသောင်း ဝန်းကျင်) ခန့်ရှိနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref – Gizmochina