Huawei က ၃ ခေါက်ချိုး ဖုန်း ၁ လုံးကို တီထွင်နေပြီး အဲဒီဖုန်းကို ကုမ္ပဏီရဲ့ Consumer Business ဌာနမှ CEO Richard Yu ရဲ့ လက်ထဲမှာ ကိုင်ထားတာကို ၂ ကြိမ်တွေ့ခဲ့ရပြီးပါပြီ။ အခုတော့ သူက အဲဒီ ဖုန်းကို စက်တင်ဘာလမှာ ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။

Huawei will start selling the triple-fold device in September - GSMArena.com newsHuawei will start selling the triple-fold device in September - GSMArena.com news

သူက HarmonyOS မောင်းနှင်ထားတဲ့ Infotainment System ပါတဲ့ Huawei Stelato S9 လျှပ်စစ်ကားကို ဝယ်ယူသူတွေထံ ပို့ဆောင်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ Customer ၁ ယောက်က ၃ ခေါက်ချိုးဖုန်းကို ဘယ်အချိန်မှာ ကြေညာမလဲနဲ့ ဘယ်အချိန်မှာ ဝယ်ယူနိုင်မလဲလို့ Yu ကို မေးခဲ့ပါတယ်။ Yu က ရိုးရှင်းစွာပဲ နောက်လမှာလို့ ပြောခဲ့ပါတယ်။

Huawei will start selling the triple-fold device in September - GSMArena.com newsRichard Yu, Huawei CEO with the triple-folding smartphone

Huawei ရဲ့ ၃ ခေါက်ချိုး စမတ်ဖုန်းရဲ့ Display အရွယ်အစားက ၁၀ လက်မလောက် ရှိနိုင်တဲ့အတွက် စမတ်ဖုန်း ၁ လုံးအတွက် တော်တော်ကြီးမားမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Mate Series အောက်ကနေ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ အဲဒီ ဖုန်းရဲ့ Teaser များစွာ ထွက်နေပြီ ဖြစ်တဲ့အတွက် တရားဝင် ကြေညာမယ့် အချိန်ဟာ သိပ်မလိုတော့တာ သေချာပါတယ်။

Foldable စမတ်ဖုန်း နယ်ပယ်မှာ Samsung နဲ့ Huawei တို့ဟာ အစောပိုင်းကတည်းက ဦးဆောင်နေကြတာ ဖြစ်ပါတယ်။ အခုတော့ Huawei က Samsung ထက် စောစွာ ၃ ခေါက်ချိုးဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena