Unicode

အောင်မြင်မှုရရှိနေတဲ့ Huawei  Y Series ဖုန်းတွေထဲက Y9 2019 စမတ်ဖုန်းဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ Y9 2019 အသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကို ကြေညာလိုက်ပါတယ်။

ဒါကတော့ Huawei ကနေ Y9 2019 အတွက် Android 10 ကို အခြေခံတဲ့ EMUI 10 Update ကို ထုတ်ပေးသွားမယ်လို့ အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ ဒီသတင်းကို Huawei Mobile Official Account (Twitter) ကနေ တစ်ဆင့် ပြောကြားခဲ့တာပါ။

ယခင်တုန်းက Huawei ကနေ Y9 2019 အတွက် Android 10-based EMUI 10 Update ကို Hardware ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေရှိနေတဲ့အတွက် ရရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei Y9 2019 အသုံးပြုသူ ၁,၆၀၀ ကျော်ကနေ EMUI 10 Update ကို ထုတ်ပေးဖို့အတွက် Petition (အသနားခံလွှာ) တစ်ခုကိုပါ လက်မှတ်ထိုးခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး Huawei ကနေ ပြောင်းလဲပြီး EMUI 10 Update ထုတ်ပေးဖို့ စီစဥ်တာလည်းဖြစ်နိုင်ပါတယ်။

Huawei ရဲ့ EMUI 10 Update ဟာ ယခင်ကထက် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ Improvement တွေအများအပြားပါဝင်တာဖြစ်ပြီးတော့ အဲ့ဒီထဲကမှ GPU Turbo Feature ဟာဆိုရင် Graphic Processing ကို ၆၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးမြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်တာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Wi-Fi နဲ့ 4G ကွန်ရက်ကို ၇၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးမြန်ဆန်အောင် ပြုလုပ်ပေးနိုင်တဲ့ Link Turbo လိုမျိုး Feature လည်းပါဝင်သေးတာဖြစ်ပါတယ်။ တခြားသော Feature တွေဖြစ်တဲ့ EROFS File System လိုမျိုးကလည်း ပုံမှန် System Performance ကို သိသိသာသာမြန်ဆန်စေဦးမှာပါ။

Huawei ကတော့ Y9 2019 အတွက် EMUI 10 Update တရားဝင်ထုတ်ပေးမယ့်အချိန်ကိုတော့ ပြောကြားခြင်းမရှိပေမယ့် မကြာခင်ရက်သတ္တပတ်အတွင်း Update လုပ်နိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China

Zawgyi

ေအာင္ျမင္မႈရ႐ွိေနတဲ့ Huawei  Y Series ဖုန္းေတြထဲက Y9 2019 စမတ္ဖုန္းဟာ ျမန္မာႏိုင္ငံမွာလည္း ေရာင္းခ်ေနတဲ့ စမတ္ဖုန္းတစ္လုံးျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Huawei ကေန Y9 2019 အသုံးျပဳေနတဲ့သူေတြအတြက္ သတင္းေကာင္းတစ္ခုကို ေၾကညာလိုက္ပါတယ္။

ဒါကေတာ့ Huawei ကေန Y9 2019 အတြက္ Android 10 ကို အေျခခံတဲ့ EMUI 10 Update ကို ထုတ္ေပးသြားမယ္လို႔ အတည္ျပဳလိုက္တာပဲျဖစ္ပါတယ္။ ဒီသတင္းကို Huawei Mobile Official Account (Twitter) ကေန တစ္ဆင့္ ေျပာၾကားခဲ့တာပါ။

ယခင္တုန္းက Huawei ကေန Huawei Y9 2019 အတြက္ Android 10-based EMUI 10 Update ကို Hardware ပိုင္းဆိုင္ရာ ကန္႔သတ္ခ်က္ေတြရွိေနတဲ့အတြက္ ရရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ Huawei Y9 2019 အသုံးျပဳသူ ၁,၆၀၀ ေက်ာ္ကေန EMUI 10 Update ကို ထုတ္ေပးဖို႔အတြက္ Petition (အသနားခံလႊာ) တစ္ခုကိုပါ လက္မွတ္ထိုးခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ အခုလိုမ်ိဳး Huawei ကေန ေျပာင္းလဲၿပီး EMUI 10 Update ထုတ္ေပးဖို႔ စီစဥ္တာလည္းျဖစ္ႏို္ငပါတယ္။

Huawei ရဲ႕ EMUI 10 Update ဟာ ယခင္ကထက္ စြမ္းေဆာင္ရည္ပိုင္းဆိုင္ရာ Improvement ေတြအမ်ားအျပားပါဝင္တာျဖစ္ၿပီးေတာ့ အဲ့ဒီထဲကမွ GPU Turbo Feature ဟာဆိုရင္ Graphic Processing ကို ၆၀ ရာခိုင္ႏႈန္းေလာက္အထိ ပိုၿပီးျမန္ဆန္ေအာင္ ေဆာင္႐ြက္ေပးႏိုင္တာလည္းျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Wi-Fi နဲ႔ 4G ကြန္ရက္ကို ၇၀ ရာခိုင္ႏႈန္းေလာက္အထိ ပိုၿပီးျမန္ဆန္ေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ Link Turbo လိုမ်ိဳး Feature လည္းပါဝင္ေသးတာျဖစ္ပါတယ္။ တျခားေသာ Feature ေတြျဖစ္တဲ့ EROFS File System လိုမ်ိဳးကလည္း ပုံမွန္ System Performance ကို သိသိသာသာျမန္ဆန္ေစဦးမွာပါ။

Huawei ကေတာ့ Y9 2019 အတြက္ EMUI 10 Update တရားဝင္ထုတ္ေပးမယ့္အခ်ိန္ကိုေတာ့ ေျပာၾကားျခင္းမရွိေပမယ့္ မၾကာခင္ရက္သတၱပတ္အတြင္း Update လုပ္ႏိုင္ဖြယ္ရွိေနပါတယ္။

Ref – Gizmo China