Huawei က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ၃ ခေါက်ချိုး ဖုန်း ဖြစ်တဲ့ Mate XT ကို ကြေညာဖို့ ပြင်ဆင်နေပြီး Teaser Campaign ကို ပြုလုပ်နေပါပြီ။ အခုနောက်ဆုံး Teaser Video ကို မျှဝေလိုက်ပြီး အဲဒီဖုန်းရဲ့ ဒီဇိုင်းကို သိလာရပါပြီ။

Video မှာ Huawei Ultimate Design Brand ရဲ့ Brand Ambassador ဖြစ်တဲ့ သရုပ်ဆောင်၊ သီချင်းရေးသူနဲ့ ရုပ်ရှင်ထုတ်လုပ်သူ Andy Lau ပါဝင်ထားပါတယ်။ Mate XT ရဲ့ အနောက်ဘက်ဟာ Vegan Leather ဖြစ်ပြီး Octagon ပုံသဏ္ဍာန် ကင်မရာ Island ထည့်သွင်းထားပါတယ်။

Huawei’s tri-fold Mate XT stars in new teaser video

Mate XT ရဲ့ အနောက်ဘက်မှာ Periscope အပါအဝင် ကင်မရာ ၄ လုံး တပ်ဆင်ထားပေမယ့် Sensor တွေရဲ့ အသေးစိတ် သတင်းအချက်အလက်ကို မသိရသေးပါဘူး။ Video ရဲ့ နောက်ပိုင်းမှာ ဖြန့်ထားတဲ့ ဒီဇိုင်းကို ပြသထားပြီး အလွန်ပါးလွှာတာကို မြင်ရပါတယ်။

မကြာခင်က ထွက်လာတဲ့ သတင်းအရ Mate XT မှာ ၁၀ လက်မ Folding Screen ၊ 5G Chipset နဲ့ 16GB RAM /512GB Storage အထိ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရ အဲဒီ ၃ ခေါက်ချိုးဖုန်းကို ဒေါ်လာ ၂၂၅၀ နဲ့ ၂၄၀၀ အကြား ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena