Huawei က ၂၀၁၉ ခုနှစ်မှာ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့  Huawei Mate X ကို ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ တရုတ် လူမှုကွန်ရက်တွေမှာ အဲဒီဖုန်းကို Huawei ရဲ့ Consumer Business Group ရဲ့ CEO Yu Richard ဟာ ကိုင်တွယ်အသုံးပြုနေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Huawei tri-foldable phone

နာမည်ကြီး Tipster Digital Chat Station က သူဟာ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်း နမူနာမော်ဒယ်ကို တွေ့ရှိထားပြီးပြီလို့ မကြာခင်က ဝီဘိုမှာ ရေးသားထားပါတယ်။ အဲဒီဖုန်းမှာ Hinge ၂ ခု တပ်ဆင်ထားပါတယ်။ Screen အရွယ်အစားက ၁၀ လက်မ ဝန်းကျင် ရှိနိုင်ပြီး ခေါက်ချိုးရာမပေါ်အောင် ဖန်တီးထားပါတယ်။

Huawei may launch 10-inch Tri-Fold phone, targeting Samsung Z Fold, Apple  iPad: Report - Huawei Central

ဒါပေမယ့် ဖုန်းရဲ့ အထူဟာ သာမာန် Foldable ဖုန်းတွေထက် ပိုများမှာ ဖြစ်ပါတယ်။ ဖုန်းမှာ ပြိုင်ဖက်တွေထက် သာလွန်တဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ စွမ်းရည်မြင့်မားသလို ဖုန်းရဲ့ ဈေးနှုန်းဟာ မြင့်မားမှာ ဖြစ်ပါတယ်။

Huawei ရဲ့ ၃ ခေါက်ချိုးဖုန်းမှာ Kirin 9 Series Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Mate 70 ကို မကြေညာခင်မှာ ထွက်လာမှာ ဖြစ်ပါတယ်။ Huawei က Mate 70 Series ကို ၂၀၂၄ ခုနှစ် ကွာတား ၄ မတိုင်ခင်မှာ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Huawei ရဲ့ ၃ ခေါက်ချိုးဖုန်းကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina