တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ကားထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hyundai ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Apple နဲ့ ပူးပေါင်းပြီး Self-driving Electric Car ကို မိတ်ဆက်ဖို့ရှိတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ အဆိုပါ ပြောကြားချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ရပြီလို့ သိရပါတယ်။

အခုလိုမျိုး Hyundai က Apple အတွက် အလိုအလျောက်မောင်းနှင်နိုင်မယ့် လျှပ်စစ်ကားကို ထုတ်လုပ်ပေးမယ်ဆိုပြီး ပြောကြားချက်ကို ပြန်လည်ရုတ်သိမ်းခဲ့သလို အဲ့ဒီအစား Hyundai ကုမ္ပဏီဟာ Apple ကနေ ဆက်သွယ်လာတဲ့ ကားထုတ်လုပ်တဲ့ကုမ္ပဏီအများအပြားထဲက တစ်ခုသာဖြစ်တယ်ဆိုပြီး ပြင်ဆင်ပြောကြားခဲ့ပါတယ်။ နောက်ထပ် ပြင်ဆင်ချက်မှာတော့ Apple ကုမ္ပဏီနာမည်ကိုပါ ဖယ်ရှားခဲ့တဲ့အတွက် Apple ဘက်ကနေ ကိုယ်ပိုင် Electric ကားထုတ်လုပ်မယ့် Project အပေါ်ကို လူသိမခံစေချင်တဲ့ပုံစံပါပဲ။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ Hyundai ဟာ Apple နဲ့ ကျိန်းသေပူးပေါင်းပြီး ထုတ်လုပ်သွားမယ့် ကုမ္ပဏီမဟုတ်ဘဲ တခြားသော ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေပါ ပါဝင်လာခြေရှိနေပါတယ်။ Hyundai ရဲ့ ပြင်ဆင်ပြောကြားချက်အရတော့ အခု Project ဟာ လုံးဝကို အစောပိုင်းအခြေအနေမှာပဲရှိသေးတယ်လို့ သိရပါတယ်။

Apple ဟာ ယခင်ရက်ပိုင်းက ထွက်ရှိထားတဲ့သတင်းတွေအရတော့ အဆိုပါ Self-driving Electric ကားကို လာမယ့် ၂၀၂၇ ခုနှစ်မှာ မိတ်ဆက်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ Hyundai ကုမ္ပဏီနဲ့ ပူးပေါင်းမှုတွေမှာ Battery နည်းပညာနဲ့ Self-driving နည်းပညာတွေပါတယ်လို့ South Korea Media တစ်ခုကနေ ဖော်ပြထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကိုယ်တိုင်ကတော့ ဘယ်ကားထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်မယ်ဆိုတာကို တရားဝင်ထုတ်ပြန်သွားမှာမဟုတ်တဲ့အပြင် ဘယ်လိုမျိုး စျေးကွက်ကိုရည်ရွယ်ထားမလဲဆိုတာကလည်း ခန့်မှန်းဖို့ခက်ခဲနေပါတယ်။

Ref – GSM Arena