ဧပြီလကနေ ဇွန်လအတွင်း တစ်ကမ္ဘာလုံးမှာ တက်ဘလက် ၃၄.၄ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၂၂.၁ ရာခိုင်နှုန်း ပိုများလာပါတယ်။ အဲဒီ ရောင်းအား ပမာဏဟာ ကပ်ရောဂါ မတိုင်ခင် ကာလအနေအထားကို ပြန်လည် ရောက်ရှိလာပါတယ်။ ဒါဟာ တက်ဘလက် ဝယ်လိုအား များနေတာကို ပြသနေပါတယ်။

IDC: Tablet market rebounds, Apple leads the way

Apple ဟာ ကွာတား ၂ မှာ iPad ၁၂.၃ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၃၅.၈ ရာခိုင်နှုန်း ရထားပါတယ်။ 11” နဲ့ 13” iPad Air နဲ့ iPad Pro မော်ဒယ်တွေကို ရောင်းချခဲ့တဲ့အတွက် Apple ဟာ ကမ္ဘာ့ တက်ဘလက် ဈေးကွက်မှာ အောင်မြင်လာတာ ဖြစ်ပါတယ်။

Buy 10.9-inch iPad Wi‑Fi 256GB — Silver - Education - Apple (NZ)

Apple ရဲ့ နောက်မှာ Samsung က နံပါတ် ၂ နေရာကို ရထားပြီး တက်ဘလက် ၆.၉ သန်း ရောင်းချထားနိုင်ပါတယ်။ Samsung ဟာ ဈေးကွက်ဝေစု ၂၀.၁ ရာခိုင်နှုန်း ရထားပါတယ်။ Lenovo က နံပါတ် ၃ နေရာမှာ ၂.၅ သန်းနဲ့ ရပ်တည်နေပြီး ဈေးကွက်ဝေစု ၇.၃ ရာခိုင်နှုန်း ရထားပါတယ်။ Huawei က တက်ဘလက် ၂.၃ သန်း ရောင်းချထားနိုင်ပြီး ဈေးကွက်ဝေစု ၆.၈ ရာခိုင်နှုန်း ရထားပါတယ်။ Huawei ရဲ့ MatePad Series တွေဟာ ရောင်းအားကောင်းနေပါတယ်။

Xiaomi က နံပါတ် ၅ နေရာကို ရထားပြီး တက်ဘလက် ၂ သန်း ရောင်းချထားနိုင်ကာ ဈေးကွက်ဝေစု ၅.၈ ရာခိုင်နှုန်း ရထားပါတယ်။ Xiaomi ဟာ ဥရောပ နိုင်ငံများစွာမှာ ရောင်းအား ၉၄.၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Ref : gsmarena