Infinix က ၇.၈ မီလီမီတာ အထူပဲ ရှိတဲ့ Hot 50 5G ကို မကြာခင်က ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီထက် ပိုပါးလွှာတဲ့ စမတ်ဖုန်း ၁ လုံးကို မကြာခင် ရောင်းချနိုင်ပါတယ်။ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး အထူက ၆ မီလီမီတာပဲ ရှိပါတယ်။ 2.5D Curved Sides ထည့်သွင်းထားပါတယ်။

အဲဒီသတင်းအချက်အလက်သာ မှန်မယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Tecno Camon 11 Series နောက်ပိုင်းထွက်တဲ့ Foldable မဟုတ်တဲ့ အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

အဲဒီဖုန်းကို iPhone နဲ့ နှိုင်းယှဉ်ပြထားတဲ့ ဓါတ်ပုံတွေကို လေ့လာနိုင်ပြီး iPhone ထက် အလွန်ပါးလွှာတာကို မြင်ရပါတယ်။

ကုမ္ပဏီတွေဟာ ပါးလွှာတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်လာကြပြီး Silion-Carbide Battery တွေကို ထည့်သွင်းလာကြပါတယ်။ အဲဒီ Battery ဟာ mAh ပမာဏများများ ပါရှိပေမယ့် အရွယ်အစား သေးငယ်ကြပါတယ်။

Infinix က အဲဒီ စမတ်ဖုန်းကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။ ဒါပေမယ့် အလွန်ပါးလွှာတဲ့ စမတ်ဖုန်းတွေကို နှစ်သက်သူတွေအတွက် ရွေးချယ်စရာ ဖြစ်လာမှာပါ။

Ref : gsmarena