Infinix အမှတ်တံဆိပ်ကလည်း စမတ်ဖုန်းသစ်တွေ မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ Hot 10 စမတ်ဖုန်းသစ်ဟာ အွန်လိုင်းပေါ် ရောက်ရှိလာခဲ့ပြီး နေရာ တော်တော်များများမှာ X682C နဲ့ X682B မော်ဒယ်နံပါတ်နှစ်ခုနဲ့ ထွက်ပေါ်လာပါတယ်။

Google Play Console ပလက်ဖောင်းပေါ်က သူ့ရဲ့ စာရင်းကတော့ အတော်လေး အချက်အလက် ပြည့်စုံပြီး ဟန်းဆက် အသစ်ရဲ့ Render ပုံလေးတောင် ပါပါတယ်။ လောလောဆယ် ရှေ့ဘက်ကိုပဲ မြင်ရပေမယ့် သူ့ပုံစံဟာ လက်ရှိ မျိုးဆက် Infinix Hot 9 နဲ့ ဆင်တူနေပါတယ်။

Infinix Hot 10 နဲ့ ပတ်သက်ပြီး ကင်မရာနဲ့ Display အရွယ်အစားလောက်ပဲ သိရဖို့ ကျန်တော့တာပါ။ Hot 10 မှာ MediaTek Helio G70 ချစ်ပ်ဆက်နဲ့အတူ 4GB RAM မန်မိုရီ၊ HD+ Resolution တို့ ပါလာမယ်ဆိုတာ သိထားရပြီးပါပြီ။ X682C နဲ့ X682B တို့ဟာ TUV Rheinland အတည်ပြုချက်လည်း ရယူခဲ့ပြီး သူ့မှာ ဘက္ထရီ 5,100 mAh ပါလာမယ် ဆိုတာ ဖြည့်စွက် ဖော်ပြလာခဲ့ပါတယ်။

Infinix ကုမ္ပဏီဟာ ထုတ်ကုန်သစ်တွေကို ရိုးရှင်းတဲ့ ပုံစံနဲ့ ချဉ်းကပ်ထုတ်လုပ်လာတဲ့အတွက် Hot 10 ဟာ အခု မြင်ရတဲ့ မော်ဒယ်နှစ်ခုထဲက တစ်ခု ဖြစ်မယ် ဆိုတာ သေချာပါတယ်။ နောက်တစ်ခုကတော့ ပိုမြင့်တဲ့ Pro ဗားရှင်း ဖြစ်နိုင်သလို Infinix Hot 9 Play လည်း ရှိတာမို့ နောက်ထပ် ရွေးချယ်စရာ တတိယမြောက် ဟန်းဆက်ကိုလည်း တွေ့ရကောင်းတွေ့ရနိုင်ပါတယ်။

Ref – GSMArena