Infinix က ပြီးခဲ့တဲ့လက နိုင်ဂျီးရီးယားမှာ Hot 30 Play စမတ်ဖုန်းကို ကြေညာခဲ့ပြီး အခုတော့ NFC ပါတဲ့ ဗားရှင်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ NFC မော်ဒယ်ရဲ့ ကျန်တဲ့ Specs နဲ့ ဒီဇိုင်းက မူလ မော်ဒယ်နဲ့ တူညီပါတယ်။

Infinix Hot 30 Play NFC also debuts

Infinix Hot 30 Play NFC ရဲ့ အနောက်ဘက်မှာ ကြီးမားတဲ့ ကင်မရာ Ring ၂ ခု တပ်ဆင်ထားပြီး ကင်မရာနဲ့ Flash နေရာချထားတာဟာ Redmi Note 12 Turbo , Poco F5 နဲ့ ဆင်တူပါတယ်။ 6.82” HD+ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole Cutout ပါပါတယ်။

Infinix Hot 30 Play NFCInfinix Hot 30 Play NFC

မျက်နှာပြင်မှာ 90Hz Refresh Rate, 500 nits Peak Brightness ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 16MP Main , Secondary AI ကင်မရာနဲ့ LED Flash တပ်ဆင်ထားပါတယ်။ Octa-core MediaTek Helio G37 Processor မောင်းနှင်ထားပြီး 4GB RAM ပါလာကာ 8GB အထိ တိုးမြှင့်နိုင်တဲ့ RAM Expansion လုပ်ဆောင်ချက်ပါပါတယ်။

Storage အနေနဲ့ 64GB နဲ့ 128GB ၂ မျိုး ထုတ်လုပ်ထားပြီး microSD Card Slot ပါပါတယ်။ အရွယ်ကြီး 6,000mAh Battery တပ်ဆင်ထားပြီး Standby ထားရင် ၄၈ နာရီ အသုံးခံပါတယ်။ ၅ ရာခိုင်နှုန်းပဲ ကျန်ရင်တောင် ၂ နာရီ ဖုန်း ပြောနိုင်ပါတယ်။ 18W Fast Charging နဲ့ USB-C Port ပါလာပြီး Android 13 အခြေပြု XOS 12.6 မောင်းနှင်ထားပါတယ်။

Infinix Hot 30 Play NFC အတွက် Mirage Black , Blade White နဲ့ Bora Purple ၃ ရောင် ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ မူလ မော်ဒယ်ကိုတော့ ၁၇၃ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။

Ref : gizmochina