Infinix က စက်တင်ဘာလ ၆ ရက်နေ့ အိန္ဒိယမှာ Hot 50 5G ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ Infinix ရဲ့ အိန္ဒိယ ဝက်ဘ်ဆိုက်မှာ အဲဒီဖုန်းရဲ့ ဒီဇိုင်းနဲ့ အဓိက Specs တွေကို ဖော်ပြထားပါတယ်။

Infinix Hot 50 5G

Infinix Hot 40 Series မှာ iPhone နဲ့တူတဲ့ ကင်မရာ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Hot 50 မှာတော့ လုံးဝ ကွဲပြားတဲ့ ဒေါင်လိုက် ကင်မရာ ဒီဇိုင်းကို သုံးထားပါတယ်။ အရှေ့ဘက်မှာ Punch Hole Display တပ်ဆင်ထားပြီး ရေစိုနေတဲ့လက်နဲ့ အသုံးပြုနိုင်ပါတယ်။

Meet the Slimmest and Most Reliable 5G Phone – Infinix HOT 50 5G Launching Sept 5th on Flipkart

ဖုန်း ဘယ်ဘက်ခြမ်းမှာ SIM Slot တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ အောက်ခြေကိုတော့မတွေ့ရပါဘူး။ IP54 စံနှုန်း ပါလာမှာ ဖြစ်ပြီး Black , Blue နဲ့ Green အရောင် ထုတ်လုပ်ထားမှာပါ။

အဲဒီဖုန်းမှာ Dimensity 6300 ပါလာမယ်လို့ တရားဝင် အတည်ပြုထားပါတယ်။ အိန္ဒိယမှာ ရူပီး ၁၂,၀၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်တဲ့အတွက် ဈေးနှုန်း ချိုသာမှာပါ။

4GB နဲ့ 8GB RAM Version တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး 128GB Storage ပါလာမှာပါ။ Battery နဲ့ တခြား Specs တွေကို မသိရသေးပါဘူး။

Ref : gizmochina