Infinix Hot 50 Pro+ 4G ကို ပြီးခဲ့တဲ့တစ်ပတ်က ကြေညာခဲ့ပြီး အခုတော့ Infinix Hot 50 Pro ကို မိတ်ဆက်လိုက်ပါတယ်။ Plus မော်ဒယ်လိုပဲ Infinix Hot 50 Pro မှာ Helio G100 Chip မောင်းနှင်ထားပါတယ်။ Android 14 အခြေပြု XOS 14.5 ပါလာပြီး 8GB/128GB နဲ့ 8GB/256GB Version ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အဲဒီ Version ၂ ခု စလုံးမှာ 2TB microSD Card စိုက်နိုင်ပါတယ်။

4G စမတ်ဖုန်း ဖြစ်ပြီး 6.78” 120Hz FullHD+ AMOLED Display တပ်ဆင်ထားပါတယ်။ 1800 Nits Peak Brightness ထောက်ပံ့ထားပြီး Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

အနောက်ဘက်မှာ 50MP အပါအဝင် ကင်မရာ ၃ လုံးကို  ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။ IP54 Rating , NFC , 3.5mm Headphone Jack , Dual Speakers တွေ ထည့်သွင်းထားပါတယ်။ ထူးခြားတာက Infinix AI ပါလာပါတယ်။

Infinix Hot 50 Pro ရဲ့ အထူက ၇.၄ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ် ဖြစ်ပါတယ်။ Sleek Black , Glacier Blue နဲ့ Titanium Grey အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena