Infinix က အိန္ဒိယမှာ Note 50 Series ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ Note 50s 5G+ အတွက် Titanium Grey, Ruby Red နဲ့ Marine Drift Blue အရောင်တွေ ထုတ်လုပ်ထားမယ်လို့ အတည်ပြုထားပါတယ်။
အဲဒီဖုန်းရဲ့ ထူးခြားချက်က မွှေးကြိုင်တဲ့ ရနံ့တွေ ထုတ်ပေးနိုင်တဲ့ Microencapsulation နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီဖုန်းကို ဒီလ ၁၈ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမှာပါ။
Infinix က အဲဒီနည်းပညာကို လူ့စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ရနံ့ နည်းပညာလို့ ပြောပါတယ်။ ဖုန်းရဲ့ အနောက်ဘက် သားရေအတု Panel မှာ ထည့်ထားတဲ့ Microscopic Capsules တွေထဲကနေ ရနံ့ မွှေးတဲ့ မော်လီကျူးတွေကို ဖမ်းယူပေးပါတယ်။ အဲဒီကနေ ဖုန်းဟာ မွှေးကြိုင်တဲ့ ရနံ့တွေကို ထုတ်လွှင့်ပေးတာ ဖြစ်ပါတယ်။
Infinix က အချိန်ကြာမြင့်စွာ ရနံ့ ထုတ်လုပ်ပေးနိုင်အောင် ပြုလုပ်ထားတယ်လို့ ပြောပြီး ဖုန်း အသုံးပြုပုံနဲ့ အပူချိန်၊ လေထုစိုထိုင်းဆ တို့လို ပတ်ဝန်းကျင် အခြေအနေ အလိုက် ရနံ့ထွက်တာ ဖြစ်ပါတယ်။ ကုမ္ပဏီက ၆ လကြာတဲ့အထိ ရနံ့ထုတ်ပေးနိုင်တယ်လို့ ပြောပါတယ်။
အဲဒီဖုန်းကို အိန္ဒိယမှာ ၂၀,၀၀၀ ရူပီးအောက်နဲ့ ရောင်းမယ်လို့ Infinix India CEO Anish Kapoor က ပြောပါတယ်။ ဒါဟာ ၂၃၅ ဒေါ်လာနဲ့ ညီမျှပါတယ်။
Ref : Gizmochina