အွန်လိုင်းအခြေပြု ပရီမီယံစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Infinix ဟာ Mid-range ကနေ High-end ဈေးကွက်အထိဦးတည်ပြီး စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြန်ပါပြီ။ Infinix Note 8 ရဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်ဟာ တစ်ချက်ကြည့်လိုက်တာနဲ့တင် အားကျသွားစေမှာ အမှန်ပဲဖြစ်ပါတယ်။

Infinix ရဲ့ စမတ်ဖုန်းသစ်ဟာ စွမ်းဆောင်ရည်သင့် MediaTek Helio G80 processor အပြင် Dual-selfie-camera ပါဝင်ပြီး ကြီးမားတဲ့မျက်နှာပြင်၊ 64MP Ultra HD အပါအဝင် စုစုပေါင်း ကင်မရာ ၆ လုံး၊ 5,200mAh ဘက်ထရီနဲ့ အမြန်အားသွင်းစနစ်၊ ကျစ်လျစ်ကျော့မော့လွန်းတဲ့ဒီဇိုင်း၊ မြန်ဆန်လွန်းတဲ့ အသုံးပြုမှုအတွေ့အကြုံ၊ အသုံးခံလွန်းတဲ့ ဘက်ထရီသက်တမ်း စတဲ့အံ့သြဖွယ်ရာတွေကို ယူဆောင်လာတာပဲ ဖြစ်ပါတယ်။

ဘက်စုံကောင်းမွန်တဲ့ စွမ်းဆောင်ရည်
စွမ်းဆောင်ရည်မြင့် MediaTek HyperEngine Game Technology နဲ့ MediaTek Helio G80 processor ဟာ Infinix Note 8 ရဲ့ မြန်ဆန်မှုကို ယူဆောင်လာတာ ဖြစ်ပါတယ်။ ဒီ Chipset ဟာ အသုံးပြုရတာကို တည်ငြိမ်စေ၊ ချောမွေ့စေရုံသာမက ပြိုင်ဘက်ကင်းတဲ့ E-sports အတွေ့အကြုံကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဂိမ်းကစားခြင်းကို နှစ်ခြိုက်ခုံမင်သူတွေအနေနဲ့ ချောမွေ့တဲ့ ဂိမ်းကစားခြင်းအတွေ့အကြုံကြောင့် အမြင့်ဆုံးရမှတ်တွေနဲ့ လေတိုက်နေနိုင်မှာအမှန်ပါပဲ။

MediaTek HyperEngine Game Technology ဟာ Infinix Note 8 ကို စိတ်သွားတိုင်းကိုယ်ပါတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်စေတာ အသေအချာပါပဲ။ ဉာဏ်ရည်ဉာဏ်သွေးမြင့် အရင်းအမြစ်စီမံခန့်ခွဲမှုအင်ဂျင် (Intelligent resource engine) ပါဝင်တာကြောင့် CPU, GPU နဲ့ Memory တွေရဲ့ လုပ်ဆောင်မှုကို စဉ်ဆက်မပြတ်တိုင်းတာနေပြီး စွမ်းအင်သုံးစွဲမှု၊ အပူထုတ်လွှတ်မှုတွေကိုလည်း စီမံခန့်ခွဲနေနိုင်တာကြောင့် အချိန်ကြာမြင့်စွာဂိမ်းကစားချိန်မှာ စွမ်းဆောင်ရည်ကောင်းကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။

Specs မြင့်မြင့်တွေကို တောင်းဆိုတဲ့ ဂိမ်းတွေကိုလည်း ချောချောမွေ့မွေ့နဲ့ ကစားနိုင်သလို၊ စွမ်းအင်သုံးစွဲမှုကိုလည်း ပိုမိုထိရောက်စေ၊ ချိတ်ဆက်မှုကိုလည်းပိုကောင်းစေတာကြောင့် အချိန်ကြာမြင့်စွာ ဂိမ်းကစားလိုသူတွေအနေနဲ့ Infinix Note 8 ဟာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။

Inifnix Note 8 မှာ RAM 6GB နဲ့အတူ Memory Storage ကလည်း 128GB အထိ ပါဝင်မှာ ဖြစ်ပါတယ်။ RAM ပမာဏများပြားစွာ ပါဝင်ခြင်းက Application တွေကို တပြိုင်တည်း Run ရာမှာ များစွာအသုံးဝင်ပြီး၊ မိမိရဲ့ ဖုန်းကို သွက်လက်မြန်ဆန်စေမှာလည်း ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Storage ကလည်း 128GB အထိ ပါဝင်ဦးမှာဆိုတော့ မိမိကြိုက်နှစ်သက်ရာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြစ်စေ၊ သီချင်းတွေကို ဖြစ်စေ၊ Application များစွာကို ဖြစ်စေ စိတ်ကြိုက်သိုလှောင်သိမ်းဆည်းထားနိုင်မှာလည်း ဖြစ်ပါတယ်။

ဘက်ထရီပမာဏကလည်း 5,200mAh ဖြစ်တဲ့အပြင် အမြန်အားသွင်းနစ်လည်း ထောက်ပံ့ထားတာကြောင့် ခဏတစ်ဖြုတ်အားသွင်းပြီး အချိန်ကြာကြာသုံးစွဲနိုင်ပါတယ်။ အထူးသဖြင့် Power marathon နည်းပညာနဲ့ တွဲဖက်ထားတဲ့ ဘက်ထရီဟာ နာရီပေါင်းများစွာ အလုပ်လုပ်နေစေနိုင်တာ အသေအချာပါပဲ။ နာရီပေါင်းများစွာဂိမ်းကစားချင်တာပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးတွေကြည့်ရှုချင်တာပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်မရှိ ပြုလုပ်နိုင်ပါလိမ့်မယ်။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း Infinix Note 8 က တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေပါလိမ့်မယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို၊ အရေးကြီးတဲ့အဆက်အသွယ်တွေနဲ့ မပြတ်တောက်စေဖို့ ကူညီပေးနိုင်ပါတယ်။ Email, ရုံးသုံး App တွေ၊ Video conferencing app တွေနဲ့ အခြားအရေးပါတဲ့ Application တွေကိုလည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းအားသွင်းနေချိန်မှာ အပူလွန်ကဲတဲ့ပြဿနာမဖြစ်စေဖို့လည်း Note 8 မှာ Dual engines နည်းပညာကို အသုံးပြုထားပါတယ်။ ဒီနည်းပညာကြောင့် အားသွင်းနေစဉ်မှာ အပူချိန်ကို ၈ ဒီဂရီအထိလျှော့ချနိုင်ပြီး ဖုန်းကိုအစဉ်အမြဲ အေးမြနေစေပါလိမ့်မယ်။

အမြင်အာရုံကို နောက်တစ်ဆင့်ဆီခေါ်ဆောင်ပေးမယ်
Infinix Note 8 နဲ့ပတ်သက်ပြီး နောက်ထပ်မီးမောင်ထိုးပြစရာအချက်က ကြီးမားတဲ့ 6.95-inch မျက်နှာပြင်မှာ ခေတ်မီတဲ့ Dual punch-hole selfie camera တွေ တပ်ဆင်ထားသလို၊ မျက်နှာပြင်အချိုးဟာလည်း 20.5:9 ratio ဖြစ်ပြီး ထုတ်လုပ်မှုနယ်ပယ်မှာ အမြင့်မားဆုံးဖြစ်နေတာပါပဲ။ Camera punch-hole တွေဟာ အလွန်သေးငယ်ပြီး မျက်နှာပြင်ရဲ့ ကျယ်ပြန့်မှုကို မနှောင့်ယှက်ဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် ဖျော်ဖြေရေးကဏ္ဍတွေကို သုံးစွဲချိန်မှာ Punch-hole တွေရဲ့ တည်ရှိမှုကို သတိမထားမိသလိုတောင် ခံစားရစေမှာပါ။

တိကျတဲ့ဖြတ်တောက်မှုရှိတာကြောင့် ကင်မရာကလည်း ပိတ်ဆို့မှုကင်းပြီး ပုံရိပ်အရည်အသွေးနိမ့်ကျတာမျိုးကို မဖြစ်ပွားစေပါဘူး။ ဒါ့အပြင် သုံးစွဲသူရဲ့ သောတအာရုံကို အပြည့်အဝပေးအပ်နိုင်ဖို့ DTS နဲ့ Mode ၄ မျိုးပါဝင်တဲ့ Dual speaker surround sound လည်းထောက်ပံ့ထားပါတယ်။ ဒါကြောင့် သောတအာရုံအပြင် စိတ်နှလုံးမှာပါ ကျေနပ်ပီတိပြည့်ဝတဲ့ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုတာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာမဆို အသုံးပြုသူရဲ့ နားဆင်မှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စေဖို့ Sound effect ကိုလည်း မြှင့်တင်နိုင်ပါတယ်။

အတည်ငြိမ်ဆုံးဗီဒီယိုတွေကို လွယ်လွယ်ကူကူရိုက်ကူးမယ်
5G ခေတ်ကြီးမှာ မိုလ်ဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ တောင်းဆိုချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ Infinix ဟာ စမတ်ဖုန်းတွေရဲ့ ကင်မရာလုပ်ဆောင်ချက်တွေတိုးတက်ဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ Note 8 အသစ်မှာ အရည်အသွေးမြင့်ကင်မရာတွေဖြစ်တဲ့ 64MP Ultra HD အဓိကကင်မရာအပါအဝင် စုစုပေါင်း ကင်မရာ ၆ လုံး တပ်ဆင်ပေးထားပါတယ်။ ကင်မရာတိုင်းဟာ အသုံးပြုသူတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့အခိုက်အတန့်တိုင်းကို အံ့အားသင့်စရာ ကြည်လင်ပြတ်သားမှု၊ သဘာဝကျကျလှပမှု၊ တည်ငြိမ်မှုတွေနဲ့ သက်သောင့်သက်သာ ဖမ်းယူရိုက်ကူးနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

TikTok နဲ့ Vlogging တွေအပြိုင်အဆိုင်ဖြစ်နေကြတဲ့ဒီနေ့ခေတ်မှာ အရည်အသွေးမြင်တဲ့ ပရော်ဖက်ရှင်နယ်ဗီဒီယိုတွေကို နေ့စဉ်တောင်းဆိုမှုဟာ များပြားလွန်းနေပါတယ်။ Infinix ရဲ့ ဖွံ့ဖြိုးရေးအဖွဲ့က တင်းကြပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်ပြီးတဲ့နောက် Vidhance ရဲ့ Video enhancement solution ကို ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ထိပ်တန်းအရည်အသွေးမြင့် Video Stabilization software ကို ထောက်ပံ့ပေးနိုင်တာပဲ ဖြစ်ပါတယ်။ Note 7 ကို ပြည်လည်သုံးသပ်ပြီးတဲ့နောက် ကောင်းမွန်အောင်မြင်တဲ့ ပြောင်းလဲမှုတစ်ခုကို အကောင်အထည်ဖော်လာနိုင်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အသုံးပြုသူဟာ အံ့သြဖွယ်ရာ Slow-motion ဗီဒီယိုကို ရိုက်ကူးမယ်ဆိုရင်လည်း Slow Motion Capture က မြင်ကွင်းတိုင်း၊ လှုပ်ရှားမှုတိုင်းရဲ့ အသေးစိတ်တွေကို ပျောက်ဆုံးမသွားစေဘဲ ကောင်းမွန်တဲ့ပုံရိပ်တွေအဖြစ် ဖမ်းယူရိုက်ကူးပေးမှာ ဖြစ်ပါတယ်။

Infinix ဟာ ဗီဒီယိုရိုက်ကူးမှုတွေမှာ အနှောင့်အယှက်ဖြစ်စေတဲ့ အလင်းရောင်မလုံလောက်တဲ့ပြဿနာကို ဖြေရှင်းဖို့ အဖြေကိုလည်း တွေ့ရှိခဲ့ပါတယ်။ သုတေသနနဲ့ ဖွံဖြိုးရေးက နေ့၊ ညပေါင်း ၁၈၀ ကျော် အဖြေရှာပြီးတဲ့နောက်မှာတော့ အလင်းရောင်အားနည်းတဲ့အခြေအနေတွေမှာ အကောင်းဆုံးရလဒ်ကို ချိန်ညှိပေးနိုင်တဲ့ Note 8 ရဲ့ Ultra Night Mode 2.0 ကို ဖန်တီးနိုင်ခဲ့ပါတယ်။

အောင်မြင်မှုအတွက်ဒီဇိုင်း
စမတ်ဖုန်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေဟာ ကိုင်ဆောင်သူကိုရော တစ်ပါးသူအပေါ်မှာပါ ဦးဆောင်လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ လူတစ်ယောက်အတွက် သူ့ရဲ့ဝတ်စားဆင်ယင်မှုပုံစံက အရေးကြီးသလိုပဲ၊ ဖုန်းတစ်လုံးမှာလည်း ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဒီဇိုင်းပိုင်းက အရေးကြီးပါတယ်။ Infinix Note 8 ရဲ့ GEM Cut ကျောဘက်ဒီဇိုင်းက ကျော့မော့ချောမွေ့တဲ့ပရော်ဖက်ရှင်နယ်ဒီဇိုင်းဆိုတာ မြင်တာနဲ့တန်းပြီး သိနိုင်စေပါတယ်။

Note 8 ရဲ့ လက်ရာမြောက်တဲ့ ကျောဘက် GEM Cut ဒီဇိုင်းနဲ့ လိုင်းတွေဟာ တကယ့်ကို ထင်သာမြင်သာရှိပြီး အကြမ်းခံနိုင်တဲ့ နည်းပညာပြည့်ဖန်တီးမှုကို ဖြစ်ပေါ်စေတာပါ။ ဒါကြောင့်ပဲ Note 8 ဟာ မျှော်မှန်းထားတာထက် ပိုပြီးတော့သက်သောင့်သက်သာရှိတဲ့ ကိုင်တွယ်မှုကို ပေးစွမ်းနိုင်တာလည်း ဖြစ်ပါတယ်။

Infinix Note 8 ကို ကမ္ဘာ့ဈေးကွက်အနှံ့အပြားမှာ ရောင်းချပေးနေပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ RAM 6GB / Storage 128GB မော်ဒယ်ကို $186 (၂ သိန်းခွဲဝန်းကျင်) သာ ကျသင့်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာပါ ရောင်းချမလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။