Infinix က တန်ဖိုးနည်း Smart 9 ကို မလေးရှားမှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.7” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate, Always-on Display ထောက်ပံ့ထားပါတယ်။ Notification အတွက် Dynamic Bar အဖြစ် အသွင်ပြောင်းနိုင်တဲ့ Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ ဖြစ်ပြီး အနောက်ဘက်မှာ 13MP နဲ့ Auxiliray Sensor ပါလာပါတယ်။

Infinix Smart 9 silently goes official - GSMArena.com news

Smart 9 မှာ Helio G81 Chipset မောင်းနှင်ထားပြီး 128GB Storage တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းမှာ အရွယ်ကြီး 5,000mAh Battery ထည့်ပေးထားတာက တော်တော်မိုက်ပြီး IP54 ရေစိုခံစံနှုန်း ပါပါတယ်။ အောက်ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ စွမ်းရည်နဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။

Infinix Smart 9 silently goes official

စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်တဲ့အတွက် Android 14 Go Edition မောင်းနှင်ထားပြီး ပေါ့ပါးလျှင်မြန်တဲ့ App တွေ ပါလာပါတယ်။ Infinix က XOS 14 ကို အပေါ်ကနေ အုပ်ထားပါတယ်။

Infinix Smart 9 အတွက် Black , Mint Green, Gold နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 3/64GB Version ကို ၇၅ ဒေါ်လာ သတ်မှတ်ထားပြီး 4/128GB Version ရဲ့ ဈေးနှုန်းကို နောက်ပိုင်းကျမှ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena