Infinix က Xpad လို့အမည်ပေးထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ 11” Display ၊ စွမ်းရည်သင့် Helio Chipset ထည့်သွင်းထားပြီး LTE Version ထုတ်လုပ်ထားပါတယ်။
Infinix Xpad မှာ Helio G99 Chipset မောင်းနှင်ထားပြီး 2.2GHz Octa-core CPU ပါပါတယ်။ ဂိမ်းကစားရင် စွမ်းရည်မြင့်မားစေဖို့ မတူညီတဲ့ Power Mode ၃ ခု ပါတဲ့ XArena Game Space ထည့်သွင်းထားပါတယ်။
11” LCD 90Hz Display တပ်ဆင်ထားပြီး 1920x1200p Resolution ထောက်ပံ့ထားပါတယ်။ Display ဘေးဘောင်တွေဟာ အလွန်ပါးလွှာပြီး Screen-to-body Ratio ဟာ ၈၃ ရာခိုင်နှုန်း ရှိပါတယ်။ 440 Nits Brightness ထောက်ပံ့ထားပါတယ်။
သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အရှေ့နဲ့ အနောက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပါတယ်။ စပီကာ ၄ လုံး ထည့်သွင်းထားပြီး Multimedia ကြည့်ရှုခံစားနိုင်ပါတယ်။
ဒီနှစ်ဟာ AI နှစ် ဖြစ်တဲ့အတွက် Infinix က Folax ထည့်သွင်းပေးထားပြီး ChatGPT မောင်းနှင်တဲ့ Voice Assistant ဖြစ်ပါတယ်။
18W Charging ထောက်ပံ့တဲ့ 7,000mAh Battery ထည့်သွင်းထားပြီး မိနစ် ၄၀ အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ Infinix က ပြောပါတယ်။
Infinix Xpad အတွက် Blue, Black နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4GB or 8GB နဲ့ 128/256GB Storage တွေထုတ်လုပ်ထားပြီး ကုမ္ပဏီက Memory Combination တွေနဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။
Ref : gsmarena