Infinix က အိန္ဒိယမှာ Zero 40 5G ကို ကြေညာလိုက်ပြီး Violet Garden, Moving Titanium နဲ့ Rock Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၁ ရက်နေ့ စတင်ရောင်းချမှာ ဖြစ်ပြီး 12/256GB နဲ့ 12/512GB ကို ၃၃၅ ဒေါ်လာနဲ့ ၃၇၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Infinix Zero 40 5G debuts in India

Infinix Zero 40 5G မှာ 6.78” 144Hz 2436x1080p AMOLED Display တပ်ဆင်ထားပြီး Dimensity 8200 Ultimate SoC မောင်းနှင်ထားပါတယ်။ Android 14 အခြေပြု XOS 14.5 ပါလာပါတယ်။

Infinix Zero 40 5G's India launch date revealed

အနောက်ဘက်မှာ 108MP Main (OIS), 50MP Ultrawide , 2MP Depth ကင်မရာနဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ တပ်ဆင်ထားပါတယ်။ အရှေ့ ကင်မရာက 4K@60fps Video ရိုက်ကူးနိုင်ပါတယ်။

Zero 40 5G မှာ GoPro Mode ထည့်သွင်းထားပြီး GoPro ကင်မရာကို ဖုန်းကနေ ထိန်းချုပ်နိုင်ပါတယ်။ JBL-tuned စပီကာ ၂ လုံး၊ IR Blaster ၊ NFC ပါလာပါတယ်။ 45W Wired , 20W Wireless နဲ့ 10W Reverse Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

Ref : gsmarena