Infinix ဟာ အခုနောက်ပိုင်းမှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်ရောင်းချလာတာကြောင့် အောင်မြင်မှုရရှိလာတဲ့ Brand တစ်ခုဖြစ်ပါတယ်။ အခုလည်း Infinix ကနေ စွမ်းဆောင်ရည်မြင့်မားတဲ့ Infinix Zero 5G 2023 ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Infinix Zero 5G 2023 ဖုန်းဟာ Processor ပိုင်းမှာ MediaTek ရဲ့ Dimensity 1080 Chipset ကို အသုံးပြုထားပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ ဒါကိုမှ Virtual RAM နဲ့ထပ်မံတိုးချဲ့အသုံးပြုမယ်ဆိုရင် စုစုပေါင်း RAM 13GB အထိ အသုံးပြုနိုင်မှာဖြစ်ပြီး Storage အနေနဲ့ကတော့ 256GB ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Display ပိုင်းမှာလည်း ကြီးမားတဲ့ 6.78″ IPS LCD Display ကို အသုံးပြုထားပြီး Full HD+ Resolution အပြင် 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ 120Hz နဲ့ အသုံးပြုနိုင်သလို Battery စားသက်သာတဲ့ 60Hz Mode ,  Auto Smart Switch Mode တွေနဲ့ပါ စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Touch Sampling Rate အနေနဲ့ကတော့ 240Hz ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကို ထည့်သွင်းပေးထားပြီး 50MP AI Main Sensor အပြင် 2MP Depth Sensor နဲ့ 2MP Macro Sensor တွေပါ ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 5000mAh ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကိုလည်း ထောက်ပံ့ပေးထားမှာပါ။

Infinix Zero 5G 2023 ဖုန်းဟာ အရောင်အနေနဲ့ Pearly White ၊ Coral Orange နဲ့ Submarine Black ဆိုပြီး ၃ ရောင်ထွက်ရှိထားမှာဖြစ်ပါတယ်။​ စျေးနှုန်းအနေနဲ့ $239 ကျသင့်မယ်လို့ သိရပြီး မြန်မာငွေ ၇ သိန်းဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena