Instagram ဟာ လက်ရှိအချိန်မှာ ဓါတ်ပုံတွေမျှဝေတာထက်ပိုပြီး ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် Instagram Reels ဖြစ်တဲ့ Short Video Feature ဟာ အောင်မြင်နေသလို Shop Tab ကနေလည်း ပစ္စည်းတွေကို အလွယ်တကူရောင်းချနိုင်နေပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် Instagram ကနေ Shop Tab မှာပါ ကြော်ငြာတွေကို ထည့်သွင်းဖို့အတွက် စမ်းသပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Shop Tab မှာပါ ကြော်ငြာထည့်သွင်းဖို့ စီစဥ်နေတာက အနည်းငယ်ကသိကအောက်နိုင်တယ်ဆိုပေမယ့် Instagram ကတော့ ကြော်ငြာတွေကို မျိုးစုံထည့်သွင်းဖို့ ကြိုးစားနေပုံပါပဲ။

Instagram ရဲ့ ပြောကြားချက်အရတော့ Shop Tab မှာ ကြော်ငြာထည့်သွင်းဖို့အတွက် လူတိုင်းပြုလုပ်နိုင်မှာမဟုတ်သေးဘဲ သတ်မှတ်ထားတဲ့ Advertiser တွေကိုပဲ ဦးစားပေးသွားမယ်လို့သိရပါတယ်။ လောလောဆယ်မှာ US မှာပဲ စမ်းသပ်နေတာဖြစ်တဲ့အတွက် တခြားသော Region တွေမှာပါ ကြော်ငြာထည့်သွင်းသွားမလားဆိုတာကိုတော့ အတိအကျပြောကြားထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Instagram ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Instagram Reels မှာလည်း ကြော်ငြာတွေထည့်သွင်းနေပြီဖြစ်သလို Sticker Ads တွေကိုလည်း စမ်းသပ်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ Instagram ဟာ ယခင်တုန်းကလိုမျိုး ဓါတ်ပုံတွေကို မျှဝေတဲ့ Social Media ကနေ စျေးဝယ်ဖို့အတွက် နေရာတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။

Ref – The Verge