Instagram Live ဟာ နာမည်အကြီးဆုံး Streaming ဝန်ဆောင်မှုတွေထဲက ၁ ခု ဖြစ်ပေမယ့် အရင်ကတော့ စမတ်ဖုန်း App မှာပဲ ကြည့်ရှုလို့ရခဲ့ပါတယ်။ အခုတော့ Instagram က Web မှာပါ Live Content တွေ ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် လက်ပ်တော့ ၊ ဒတ်စတော့တွေရဲ့ အရွယ်ကြီး မျက်နှာပြင်ကနေ ဆယ်လီတွေကို ကြည့်ရှု အားပေးနိုင်တော့မှာ ဖြစ်ပါတယ်။

စမတ်ဖုန်းရဲ့ Instagram Live မှာ ကွန်းမန့်တွေကို ဗီဒီယိုရဲ့ အောက်ခြေမှာ Transparent Window ၁ ခုနဲ့ ပြသပေးပါတယ်။ လူ ၁ ယောက်ထက် ပိုပြီး Stream လုပ်ရင် ကွန်းမန့်တွေက မြင်ကွင်းကို ကာကွယ်နေတဲ့အတွက် ဗီဒီယို ကြည့်ရင်းနဲ့ Chat လုပ်ဖို့ ခက်ခဲပါတယ်။

Web Interface မှာ ဆိုရင်တော့ ကွန်းမန့်တွေကို ဘေးဘက်က Scrolling Window နဲ့ ပြသပေးတဲ့အတွက် ကြည့်ရတာ ပိုအဆင်ပြေသွားပါတယ်။ မြင်ကွင်းရဲ့ အောက်ခြေကို မကာကွယ်ထားတော့ပါဘူး။ Web မှာ မြင်ကွင်းဟာ မကြီးသွားပေမယ့် ကွန်းမန့်တွေကို နေရာပြောင်းထားပါတယ်။ Web နဲ့ App မှာ Instagram Live ကြည့်ရှုတဲ့ နည်းလမ်းက တူညီပါတယ်။ ဒါပေမယ့် Web မှာ သင် စိတ်ဝင်စားတဲ့ Stream ကို လိုက်ရှာရတာ ပိုခက်ပါတယ်။

Ref : androidpolice