[Unicode]

ကုမ္ပဏီများစွာက Foldable စမတ်ဖုန်းတွေကို ဖန်တီးနေကြပါတယ်။ အခုတော့ Intel ကလည်း အားကျမခံ Foldable စမတ်ဖုန်း ဒီဇိုင်း ၁ ခုကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ ဖုန်းကို ဖြန့်လိုက်ရင် တက်ဘလက် ၁ လုံးလိုပါ သုံးနိုင်မှာပါ။ Intel ဟာ LG Display , Boe Technology , Sharp နဲ့ Samsung Display တို့ အပါအဝင် မျက်နှာပြင် ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး အရမ်းလန်းတဲ့ အနာဂတ် နည်းပညာကို ဖန်တီးနေတယ်လို့ သိရပါတယ်။

သုတေသန စစ်တမ်းတွေက သုံးစွဲသူတွေဟာ Foldable မျက်နှာပြင်တွေကို ကြိုက်ကြတယ်ဆိုရင် Intel က အဲဒီလို ထုတ်ကုန်တွေကို အရှိန်မြှင့် ထုတ်လုပ်မယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ Intel က လျှို့ဝှက်စွာနဲ့ပဲ ဖန်တီးနေပါတယ်။ Intel ရဲ့ ဒီဇိုင်းဟာ ဖုန်း ၁ ခုလုံးကို မျက်နှာပြင်နဲ့ ပတ်ထားတဲ့ ပုံပေါ်ပါတယ်။ Patent အရ ဖုန်း မှာ အရွယ်ကြီး Flexible မျက်နှာပြင် ၁ ခု ထည့်သွင်းထားပြီး ခေါက်ချိုးလိုက်ရင်လည်း မျက်နှာပြင်ကို သုံးနိုင်ပါတယ်။

ဖြန့်လိုက်ရင် ညာဘက်မှာ မျက်နှာပြင် ဧရိယာ ပိုကျယ်လာမှာ ဖြစ်ပြီး ဖုန်း ၁ ခုလုံးနီးပါးကို မျက်နှာပြင်က ဖုံးအုပ်ထားတာက ခေတ်ပေါ် ဒီဇိုင်းဖြစ်ပါတယ်။ အောက်ခြေမှာ ကျယ်ပြန့်တဲ့ ခလုတ်တွေ ထည့်သွင်းထားပြီး ဖုန်းကို ဖြန့်ရင် သုံးနိုင်ပါတယ်။ ဘယ်ဘက်ခြမ်းမှာ အစိတ်အပိုင်းတွေ အားလုံး ထည့်သွင်းထားတဲ့အတွက် ပိုထူနေပါတယ်။ ကိုယ်ထည် ၁ ခုလုံးက အရမ်းပါးလွှာတယ်လို့ ထင်ရပေမယ့် ကင်မရာတွေကို မပြသထားပါဘူး။

ဒီလ အစောပိုင်းက ကျင်းပခဲ့တဲ့ CES မှာ Intel က Foldable Laptop နမူနာ မော်ဒယ်ကို သရုပ်ပြသခဲ့ပြီး Horseshoe Bend လို့ နာမည်ပြောင်ပေးထားပါတယ်။ ၁၇.၃ လက်မ Foldable OLED မျက်နှာပြင် ထည့်သွင်းထားပြီး ဒီဇိုင်းက လန်ထွက်နေပါတယ်။

Ref : gizmochina

[Zawgyi]

Intel က တက္ဘလက္လိုပါ သုံးႏိုင္မယ့္ Foldable စမတ္ဖုန္း ဒီဇိုင္းကို မွတ္ပုံတင္

ကုမၸဏီမ်ားစြာက Foldable စမတ္ဖုန္းေတြကို ဖန္တီးေနၾကပါတယ္။ အခုေတာ့ Intel ကလည္း အားက်မခံ Foldable စမတ္ဖုန္း ဒီဇိုင္း ၁ ခုကို မွတ္ပုံတင္လိုက္ပါတယ္။ အဲဒီ ဖုန္းကို ျဖန႔္လိုက္ရင္ တက္ဘလက္ ၁ လုံးလိုပါ သုံးႏိုင္မွာပါ။ Intel ဟာ LG Display , Boe Technology , Sharp နဲ႔ Samsung Display တို႔ အပါအဝင္ မ်က္ႏွာျပင္ ထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းၿပီး အရမ္းလန္းတဲ့ အနာဂတ္ နည္းပညာကို ဖန္တီးေနတယ္လို႔ သိရပါတယ္။

သုေတသန စစ္တမ္းေတြက သုံးစြဲသူေတြဟာ Foldable မ်က္ႏွာျပင္ေတြကို ႀကိဳက္ၾကတယ္ဆိုရင္ Intel က အဲဒီလို ထုတ္ကုန္ေတြကို အရွိန္ျမႇင့္ ထုတ္လုပ္မယ္လို႔ ေျပာပါတယ္။ လက္ရွိမွာေတာ့ Intel က လွ်ိဳ႕ဝွက္စြာနဲ႔ပဲ ဖန္တီးေနပါတယ္။ Intel ရဲ႕ ဒီဇိုင္းဟာ ဖုန္း ၁ ခုလုံးကို မ်က္ႏွာျပင္နဲ႔ ပတ္ထားတဲ့ ပုံေပၚပါတယ္။ Patent အရ ဖုန္း မွာ အ႐ြယ္ႀကီး Flexible မ်က္ႏွာျပင္ ၁ ခု ထည့္သြင္းထားၿပီး ေခါက္ခ်ိဳးလိုက္ရင္လည္း မ်က္ႏွာျပင္ကို သုံးႏိုင္ပါတယ္။

ျဖန႔္လိုက္ရင္ ညာဘက္မွာ မ်က္ႏွာျပင္ ဧရိယာ ပိုက်ယ္လာမွာ ျဖစ္ၿပီး ဖုန္း ၁ ခုလုံးနီးပါးကို မ်က္ႏွာျပင္က ဖုံးအုပ္ထားတာက ေခတ္ေပၚ ဒီဇိုင္းျဖစ္ပါတယ္။ ေအာက္ေျခမွာ က်ယ္ျပန႔္တဲ့ ခလုတ္ေတြ ထည့္သြင္းထားၿပီး ဖုန္းကို ျဖန႔္ရင္ သုံးႏိုင္ပါတယ္။ ဘယ္ဘက္ျခမ္းမွာ အစိတ္အပိုင္းေတြ အားလုံး ထည့္သြင္းထားတဲ့အတြက္ ပိုထူေနပါတယ္။ ကိုယ္ထည္ ၁ ခုလုံးက အရမ္းပါးလႊာတယ္လို႔ ထင္ရေပမယ့္ ကင္မရာေတြကို မျပသထားပါဘူး။

ဒီလ အေစာပိုင္းက က်င္းပခဲ့တဲ့ CES မွာ Intel က Foldable Laptop နမူနာ ေမာ္ဒယ္ကို သ႐ုပ္ျပသခဲ့ၿပီး Horseshoe Bend လို႔ နာမည္ေျပာင္ေပးထားပါတယ္။ ၁၇.၃ လက္မ Foldable OLED မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ဒီဇိုင္းက လန္ထြက္ေနပါတယ္။

Ref : gizmochina