(Intellect သည် မြန်မာနိုင်ငံအခြေစိုက် နည်းပညာ လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ACE Data Systems နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော နိုင်ငံတော်ပိုင်ဘဏ်များအနက်မှ တစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) အတွက် ပိုမိုမြင့်မားသော ROI ၊ ပိုမိုမြန်ဆန်သော GTM နှင့် ပိုမိုထိရောက်သော နေ့စဉ်လုပ်ငန်းလည်ပတ်မှုများကို ဆောင်ကျဉ်းပေးမည့် ဝန်ဆောင်မှုကို ပေးအပ်သွားမည်)

ဘဏ်လုပ်ငန်းများနှင့် အာမခံ လုပ်ငန်းများအတွက် အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာများကို အဓိကထား ဝန်ဆောင်မှုပေးနေသည့် Intellect Design Arena (Intellect) သည် နိုင်ငံတော်ပိုင်ဘဏ်ကြီးတစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) ၏ ဒစ်ဂျစ်တယ်နည်းပညာသို့ အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်၏ ပဲ့ကိုင်ရှင်အဖြစ် ပူးပေါင်း ဆောင်ရွက် ခွင့် ရရှိသည့်အတွက် များစွာဂုဏ်ယူမိပါသည်။ Intellect အနေနှင့် MFTB ၏ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ မျော်မှန်းချက်များကို အလုံးစုံ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး (Omnichannel Experience) အတွက် အဆင့်မြင့် လုပ်ဆောင်ချက်များ ပြည့်စုံကြွယ်ဝသည့် Intellect Digital Core 19.2 စနစ်ကို အသုံးပြုပေးသွားမည် ဖြစ်သည်။ ဤစနစ်သည် MFTB ၏ လက်ရှိသုံးစွဲနေသည့် စနစ်များနှင့် သဟဇာတဖြစ်စေရန် ပြုလုပ်ထားသည့်အတွက် ဘဏ်လုပ်ငန်းများကို အခက်အခဲမရှိ ချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်မည်။ ထို့ပြင် MFTB အနေဖြင့် အနာဂတ် တွင် စျေးကွက်လိုအပ်ချက်အသစ်များအလိုက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပြီး စျေးကွက်ချဲ့ထွင်မှုနှင့် လုပ်ငန်း လည်ပတ်မှုတို့ကို ကွင်းဆက်မိမိဖြင့် ချိတ်ဆက်ဆောင်ရွက်စေနိုင်မည်ဖြစ်ပါသည်။

MFTB သည် ရေရှည်ဖွံ့ဖြိုးရေးနှင့် ငွေကြေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမှီ ပါဝင်နိုင်စေရေးတို့ကို အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ယင်းအတွက်ကြောင့် ဘဏ်အနေဖြင့် ဘက်ပေါင်းစုံပြည့်စုံပြီး လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်နိုင်သည့် အဆင့်အတန်းမြင့်မားသည့် နည်းပညာများကို အသုံးပြုရန် လိုအပ်လျက်ရှိသည်။ IDC စနစ်သည် CSCA ၊ အပ်ငွေ၊ အထွေထွေ စာရင်း၊ ပြည်တွင်းပြည်ပ ရှင်းတမ်းများ၊ အွန်လိုင်းချေးငွေ၊ ကုန်သွယ်ဘဏ္ဍာရေးနှင့် ငွေတိုက်ရေးရာ လုပ်ငန်းရပ် များကို တိကျမှန်ကန်သည့် တိုင်းတာကိန်းများဖြင့် သီးခြားစီ ဆောင်ရွက်နိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်မည် ဖြစ်သည်။ ကုန်သွယ်မှုနှင့် ချေးငွေလုပ်ငန်းများ၏ အကျိုးအမြတ်ကို တိကျစွာ စောင့်ကြည့်နိုင်မည်ဖြစ်သောကြောင့် လိုအပ်သည့် လုပ်ဆောင်ချက်များကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ထိုးထွင်းသိမြင်စေနိုင်မည်။ ထို့အပြင် အပြည့် အဝ ယုံကြည်စိတ်ချရသည့် အလုံးစုံလုံခြုံရေးစနစ်ကိုလည်း Intellect က ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ပြီး ထိုစနစ်မှာ လုပ်ငန်းတစ်ခုလုံးကို အမျိုးမျိုးသော API အလွှာများကို အသုံးပြုပြီး ပြဿနာကင်းရှင်း သော၊ ချောမွေ့သော၊ အဆင့်မြှင့်တင်ပြောင်းလဲမှု Enterprise Level Integration စနစ်လည်း ဖြစ်သည်။

“Intellect Digital Core Banking စနစ်ဟာ ကျွန်တော်တို့ရဲ့ ဘဏ်လုပ်ငန်းတွေအတွက် လုပ်ငန်းရည်ရွယ်ချက် တွေအပြင် လုပ်ငန်းလည်ပတ်မှုအတွက်နဲ့ ကောင်းကောင်းကိုက်ညီမှုရှိပြီး အထောက်အပံ့တွေ ရရှိစေနိုင်ပါတယ်။ ဒီစနစ်ရဲ့ လုပ်ဆောင်ချက်က အလွှာတိုင်းစီကို လိုအပ်သလို ချဲ့ထွင်ပြီး ဆောင်ရွက်နိုင်တာကြောင့် အနာဂတ်မှာ ပိုမိုကြီးမားတဲ့ လွှဲပြောင်းမှု ပမာဏများ ထိန်းချုပ်ဆောင်ရွက်ခြင်း၊ အချိန်မရွေး အသုံးပြုနိုင်ခြင်း၊ လုပ်ဆောင်ချက် အသီးသီးရဲ့ များပြားလှတဲ့ အချက်အလက်များကို စနစ်တကျ စုစည်းထိန်းသိမ်းနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီစနစ်ကို အဆင်ပြေချောမွေ့စွာနဲ့ စတင်သုံးစွဲပြီး အကျိုးတူပူးပေါင်း ဆန်းသစ်တီထွင်မှုရဲ့ အောင်မြင်မှုတစ်ခုဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်” ဟု MFTB ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသွားခဲ့သည်။

Intellect ၏ Global Consumer Banking Business (iGCB) ၏ CEO ဖြစ်သူ Rajesh Saxena က “MFTB ရဲ့ ကြီးမားတဲ့ နိုင်ငံဖွံ့ဖြိုးရေး အထောက်အကူပြု အစီအစဥ်ကို ပံ့ပိုးကူညီခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ IDC Suite ကို အသုံးပြုပြီး ၂၄ နာရီနဲ့ ၇ ရက် ပတ်လုံး အပြည့်အဝ ပံ့ပိုးပေးနိုင်မှု ကြောင့်လည်း MFTB အတွက် သိသာထင်ရှားတဲ့ ရလာဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ACE Data Systems ရဲ့ မိတ်ဖက်လုပ်ငန်းအဖြစ် အခု လို ကြီးမားပြီး အရေးပါတဲ့ ပရောဂျက်မှာ တွဲဖက်ပြီး ဆောင်ရွက်ရတာကိုလည်း လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူမိပြီး လိုက်ဖက်ညီတဲ့ တွဲဖက်လုပ်ငန်းကနေတဆင့် သာလွန်မြင့်မြတ်တဲ့ ရလာဒ်တွေ ရဖို့ကို မျှော်လင့်နေမိပါပြီ။” ရှင်းလင်းပြောကြားသွားခဲ့ပါသည်။

“ဒေသတွင်းက ကျွန်တော်တို့ရဲ့ BFS I ကျွမ်းကျင်နားလည်မှုဟာ MFTB အတွက် Intellect က ယူဆောင်လာပေးတဲ့ အနာဂတ်နည်းပညာတိုးတက်ပြောင်းလဲခြင်းမှတစ်ဆင့် ရရှိမယ့် ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ကောင်းစွာ အထောက်အကူပေးနိုင်မှာပါ။ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် MFTB ရဲ့ လက်ရှိသုံးစွဲသူ ၂ သိန်း ကျော်အတွက် အလုံးစုံဝန်ဆောင်မှုအတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့နဲ့ လျင်မြန်စွာ တိုးချဲ့သွားဖို့ ရည်ရွယ် မျှော်လင့်ပါတယ်။ Intellect အနေနဲ့ အလုံးစုံ ပြီးပြည့်စုံတဲ့ အက်ပလီကေးရှင်း အဆင်အပြင်စနစ်သာမက အချက် အလက်တွေနဲ့ ထိရောက်စွာ တိုင်းတာပြီး ချောမွေ့စွာ ချိတ်ဆက်လည်ပတ်နိုင်မယ့် “one middleware” လုပ် ဆောင်မှုပုံစံဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ MFTB အား ချောမွေ့သော နောက်ဆက်တွဲ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် Intellect မှ ဆော့ဖ်ဝဲပိုင်း၊ အိုင်တီနည်းပညာပိုင်း၊ ဆိုက်ဘာလုံခြုံရေး၊ ပညာရေးဝန်ဆောင်မှုနှင့် e-Commerce အစရှိသည်တို့မှာ ကျွမ်းကျင်နှံ့စပ်ပြီး မြန်မာ့အခြေစိုက် IT လုပ်ငန်းစု တစ်ခုဖြစ်တဲ့ ACE Data Systems နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ချိတ်ဆက်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။” ဟု ACE Data Systems ၏ Chief Executive Officer ဖြစ်သူ ဦးဇော်မိုးသန့်က ပြောကြားသွားခဲ့သည်။

Source – Intellect