Xiaomi ကနေ အခုအချိန်မှာ သူတို့ရဲ့ နောက်ပိုင်းထွက် စမတ်ဖုန်းအကုန်လုံးနီးပါးကို MIUI 12 Update ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း China Region အတွက် ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတွေကိုပါ MIUI 12 Stable Update ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ International Global စျေးကွက်မှာရောင်းချနေတဲ့ Xiaomi ဖုန်းတွေဖြစ်တဲ့ Mi 9 SE နဲ့ Mi 9 Lite ဖုန်းတွေအတွက်လည်း MIUI 12 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ ၂၀၁၉ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လတုန်းက တရုတ်နိုင်ငံမှာ Mi 9 နဲ့ Mi 9 Pro စမတ်ဖုန်းတွေဟာ MIUI 12 Update ကို စတင်ရရှိခဲ့ပြီးတော့ ဇူလိုင်လမှာ Mi 9 SE အတွက် Update ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Global Version MIUI 12 Stable Update ဟာ China Version ထက် ၁ လကျော်လောက်နောက်ကျတယ်လို့ ပြောရမှာပါ။

အဆိုပါ Mi 9 SE နဲ့ Mi 9 Lite စမတ်ဖုန်းတွေဟာ Android 9 Pie နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် ယခုနှစ်အစောပိုင်းတုန်းက Android 10 Update ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုရရှိလာတဲ့ MIUI 12 Stable Update ဟာ Android OS Update ထက် MIUI Feature အသစ်တွေပဲ ပါဝင်လာမှာဖြစ်ပါတယ်။

Ref – Gizmo China