Apple ဟာ iOS device အဟောင်းတွေအတွက် iOS 13.4 ကို ထောက်ပံ့မပေးတော့ပါဘူး။ ဒါပေမယ့် Security update ကို တော့ ထောက်ပံ့ပေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့် iOS device အဟောင်းတွေ ကိုင်ဆောင်အသုံးပြုနေပေမယ့် စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို သိပ်ပြီးတော့မခံစားရဘူးလို့ ဆိုနိုင်ပါတယ်။

Apple ဟာ device အဟောင်းတွေအတွက် iOS 12.4.6 ကို iOS 13.4 နဲ့အတူထုတ်ပေးလိုက်တာပါ။ iOS 12.4.6 ဟာ iPhone 5s, iPhone 6, iPhone 6 Plus နဲ့ iPod touch (6th generation), iPad Air (1st generation) တွေအပြင် iPad အဟောင်း တွေဖြစ်တဲ့ iPad mini 2 နဲ့ iPad mini 3 တွေ ပါဝင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် iOS 12.4.6 မှာ အရေးပါတဲ့ Security update တွေပါဝင်ပြီး အသုံးပြုသူတွေအားလုံးအတွက် Recommended ပေးတယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် ဒေသအလိုက်၊ ဒါမှမဟုတ် Device အလိုက် လုပ်ဆောင်ချက်အချို့ကိုတော့ ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ သက်တမ်းရင့်လွန်းပြီး ဟောင်းနွမ်းလွန်းတဲ့ Device အချို့အတွက်တော့ နားလည်ပေးရမှာပါ။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ထွက်ထားတဲ့ iPhone 5s လို ဖုန်းမျိုးတောင် အခုအချိန်အထိ Software update ရနေသေးတယ်ဆိုတာကတော့ Apple အသုံးပြုသူတွေအတွက် စိတ်ကျေနပ်စရာ ရလဒ်ဖြစ်ပါလိမ့်မယ်။ Update ယူဖို့အတွက် Settings ကိုသွားပြီး ရှာဖွေရင် အလွယ်တကူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena