Apple က iOS 17 ရဲ့ အသေးစား Update ဖြစ်တဲ့ iOS 17.0.3 ကို ဖြန့်ချိလိုက်ပါတယ်။ iPhone 15 Pro နဲ့ iPhone 15 Pro Max ကိုင်ထားသူတွေက အဲဒီ Update ကို အမြန်ဆုံးတင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်းတွေမှာ အပူလွန်ကဲတဲ့ ပြဿနာကို အဲဒီ Update က ဖြေရှင်းပေးထားလို့ ဖြစ်ပါတယ်။

Apple unveils iPhone 15 Pro and iPhone 15 Pro Max - Apple

iPhone 15 Pro နဲ့ iPhone 15 Pro Max ကို ရောင်းချအပြီး သိပ်မကြာခင် ပြီးခဲ့တဲ့ ရက်ပိုင်းက အပူလွန်ကဲတဲ့ ပြဿနာ ရှိတယ်လို့ သုံးစွဲသူများစွာက ပြောကြားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်မှာ Apple က ဒီပြဿနာကို သိရှိထားကြောင်းနဲ့ Software Update နဲ့ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

Apple unveils iPhone 15 Pro and iPhone 15 Pro Max - Apple

အခုတော့ အဲဒီ Software Update ကို ဖြန့်ချိပေးလိုက်ပါပြီ။ A17 Pro Chipset ကို Overloading လုပ်နေတဲ့ Instagram နဲ့ Uber တို့လို Apps တွေရဲ့ Developer တွေနဲ့လည်း Apple က ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အဲဒီလို Chipset ကို Overloading လုပ်နေတာကလည်း အပူလွန်ကဲစေပါတယ်။ အဲဒီ App တွေရဲ့ Update တွေလည်း မကြာခင် ထွက်လာနိုင်ပါတယ်။

Apple အခု ဖြန့်ချိလိုက်တဲ့ iOS 17.0.3 ရဲ့ Build က 21A360 ဖြစ်ပြီး Attacker တွေ အခွင့်အရေး ရစေတဲ့ Kernel ရဲ့ ဟာကွက်ကိုလည်း ဖာထေးပေးထားပါတယ်။ Apple က အဲဒါဟာ iOS 16.6 နဲ့ အစောပိုင်း Version တွေကတည်းက ရှိခဲ့တဲ့ လုံခြုံရေးဟာကွက်လို့ ပြောပါတယ်။

Ref : gsmarena