[Zawgyi]
Apple ရဲ႕ iPhone သစ္ေတြဟာ ၂၀၁၈ iPhone ေတြကို အေျခခံၿပီး အဆင့္ျမႇင့္တင္မႈ ျပဳလုပ္ထားတာျဖစ္တာေၾကာင့္ လုံးဝအသစ္မဟုတ္ဘဲ ၅၀ ရာခိုင္ႏႈန္းေလာက္ပဲ အသစ္ျဖစ္တယ္လို႔ ဆိုရမွာပါ။ ၂၀၁၈ iPhone ေတြအတိုင္း ႀကီးမားတဲ့ Notch ေတြ ပါဝင္ေနဦးမွာျဖစ္ေပမယ့္ ေက်ာဘက္ကင္မရာအေရအတြက္ ေျပာင္းလဲသြားတာကေတာ့ iPhone Fan တိုင္းအတြက္ မက္ေမာေလာက္စရာ ျဖစ္ေနပါေတာ့တယ္။
၂၀၁၉ iPhone သစ္ေတြနဲ႔ ပတ္သက္ၿပီး Render ပုံရိပ္ေတြ အႀကိမ္ႀကိမ္ထြက္ခဲ့တာေၾကာင့္ ေဈးကြက္ထဲ ျဖန႔္ခ်ိမယ့္ရက္ကို သိခ်င္ေနသူေတြအတြက္ သတင္းေပါက္ၾကားမႈတစ္ခုက ၾသဂုတ္လပထမပတ္မွာ ေပၚေပါက္လာခဲ့ၿပီ ျဖစ္ပါတယ္။ အဲဒါကေတာ့ သုံးလပတ္ဆိုင္ရာ ဝင္ေငြစာရင္းရွင္းလင္းမႈ ျပဳလုပ္ရာမွာ SoftBank Mobile ဥကၠ႒ Ken Miyauchi က iPhone 11 ေတြ ေဈးကြက္ထဲေရာက္မယ့္အခ်ိန္ကို မေတာ္တဆ ေျပာမိသြားခဲ့ပါတယ္။
Ken Miyauchi ေၾကာင့္ iPhone 11 ေတြဟာ စက္တင္ဘာလ မကုန္မီ ၁၀ ရက္အလိုမွာ ေရာင္းခ်ေတာ့မယ္ဆိုတာကို သိလိုက္ရပါတယ္။ ဒါေၾကာင့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ၂၀၁၉ iPhone သစ္ေတြဟာ အသုံးျပဳသူေတြရဲ႕ လက္ထဲကို ေရာက္ရွိႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီရက္ဟာ Apple က ၿပီးခဲ့တဲ့ႏွစ္ကတည္းက အစီအစဥ္ခ်မွတ္ထားတဲ့ ရက္ျဖစ္ေနတာေၾကာင့္ လုံးဝကို ေသခ်ာတယ္လို႔ ေျပာႏိုင္တာလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ iPhone ေတြျဖစ္တဲ့ iPhone XS နဲ႔ XS Max တို႔ဟာ စက္တင္ဘာ ၂၁ ရက္ေန႔မွာ ျဖန႔္ခ်ိခဲ့တာျဖစ္ၿပီး iPhone XR ကေတာ့ ထုတ္လုပ္မႈျပႆနာေၾကာင့္ ေနာက္တစ္လအၾကာ ေအာက္တိုဘာေရာက္မွ ေရာင္းခ်ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီ ၂၀၁၉ ခုႏွစ္မွာေတာ့ Apple အေနနဲ႔ iPhone သစ္ေတြအားလုံးကို တစ္ၿပိဳင္နက္ မိတ္ဆက္ၿပီး ေရာင္းခ်သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
Ref: GSM Arena
[Unicode]
iPhone 11 တွေ ဖြန့်ချိမယ့်ရက် မတော်တဆ ပေါက်ကြားလာခဲ့
Apple ရဲ့ iPhone သစ်တွေဟာ ၂၀၁၈ iPhone တွေကို အခြေခံပြီး အဆင့်မြှင့်တင်မှု ပြုလုပ်ထားတာဖြစ်တာကြောင့် လုံးဝအသစ်မဟုတ်ဘဲ ၅၀ ရာခိုင်နှုန်းလောက်ပဲ အသစ်ဖြစ်တယ်လို့ ဆိုရမှာပါ။ ၂၀၁၈ iPhone တွေအတိုင်း ကြီးမားတဲ့ Notch တွေ ပါဝင်နေဦးမှာဖြစ်ပေမယ့် ကျောဘက်ကင်မရာအရေအတွက် ပြောင်းလဲသွားတာကတော့ iPhone Fan တိုင်းအတွက် မက်မောလောက်စရာ ဖြစ်နေပါတော့တယ်။
၂၀၁၉ iPhone သစ်တွေနဲ့ ပတ်သက်ပြီး Render ပုံရိပ်တွေ အကြိမ်ကြိမ်ထွက်ခဲ့တာကြောင့် ဈေးကွက်ထဲ ဖြန့်ချိမယ့်ရက်ကို သိချင်နေသူတွေအတွက် သတင်းပေါက်ကြားမှုတစ်ခုက သြဂုတ်လပထမပတ်မှာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ သုံးလပတ်ဆိုင်ရာ ဝင်ငွေစာရင်းရှင်းလင်းမှု ပြုလုပ်ရာမှာ SoftBank Mobile ဥက္ကဋ္ဌ Ken Miyauchi က iPhone 11 တွေ ဈေးကွက်ထဲရောက်မယ့်အချိန်ကို မတော်တဆ ပြောမိသွားခဲ့ပါတယ်။
Ken Miyauchi ကြောင့် iPhone 11 တွေဟာ စက်တင်ဘာလ မကုန်မီ ၁၀ ရက်အလိုမှာ ရောင်းချတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ၂၀၁၉ iPhone သစ်တွေဟာ အသုံးပြုသူတွေရဲ့ လက်ထဲကို ရောက်ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရက်ဟာ Apple က ပြီးခဲ့တဲ့နှစ်ကတည်းက အစီအစဉ်ချမှတ်ထားတဲ့ ရက်ဖြစ်နေတာကြောင့် လုံးဝကို သေချာတယ်လို့ ပြောနိုင်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ iPhone တွေဖြစ်တဲ့ iPhone XS နဲ့ XS Max တို့ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး iPhone XR ကတော့ ထုတ်လုပ်မှုပြဿနာကြောင့် နောက်တစ်လအကြာ အောက်တိုဘာရောက်မှ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၂၀၁၉ ခုနှစ်မှာတော့ Apple အနေနဲ့ iPhone သစ်တွေအားလုံးကို တစ်ပြိုင်နက် မိတ်ဆက်ပြီး ရောင်းချသွားမယ်လို့ မျှော်လင့်ရပါတယ်။
Ref: GSM Arena