Apple ဟာ iPhone 12 Series စမတ်ဖုန်းအသစ်တွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းတွေဟာ အဓိကအနေနဲ့ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကို အသုံးပြုထားတဲ့အပြင် Camera ပိုင်းမှာလည်း သိသိသာသာကို အဆင့်မြှင့်တင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း iPhone 12 Series ဖုန်းတွေဟာ ဖုန်းဘူးခွံထဲမှာ Power Adapter အပြင် EarPods တွေပါ ပါဝင်မှာမဟုတ်တဲ့ ပထဆုံးသော iPhone တွေလည်းဖြစ်ပါတယ်။ Apple အနေနဲ့ကတော့ အခုလိုမျိုးဆောင်ရွက်လိုက်တာက Packaging Size ကို လျော့ချဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုပြီး ပြောကြားခဲ့ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ iPhone 12 Series တင်မဟုတ်ဘဲ တခြားသော iPhone တွေဖြစ်တဲ့ iPhone 11 ၊ SE (2020) နဲ့ XR တွေမှာပါ Power Adapter နဲ့ EarPods ကို ထည့်သွင်းပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် အခုအချိန်ကနေစတင်ပြီးရောင်းချနေတဲ့ iPhone အကုန်လုံးမှာ USB-C to Lightning Cable တစ်ခုပဲ ပါဝင်တော့မှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ iPhone 11 ၊ SE (2020) နဲ့ XR တွေရဲ့ Packaging ကိုပါ ပုံစံပြောင်းလဲသွားမယ်လို့ ယူဆရပါတယ်။

ဒါက Apple iPhone အသစ်တွေကို အခုမှစပြီး ဝယ်ယူအသုံးပြုမယ့်သူတွေအတွက်ကတော့ အခက်ကြုံမှာဖြစ်ပြီး Power Adapter အပြင် EarPods သို့မဟုတ် AirPods ကိုပါ မဖြစ်မနေ ဝယ်ယူရတော့မှာဖြစ်ပါတယ်။ Apple အနေနဲ့ကတော့ Lightning EarPods စျေးကို $19 အထိ လျော့ပေးခဲ့ပြီး 20W Power Adapter ကိုလည်း တူညီတဲ့ $19 စျေးနှုန်းနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Ref – GSM Arena