iPhone 14 မှာ Crash Detection ဆိုတဲ့ လုပ်ဆောင်ချက် အသစ် ၁ ခု ပါလာပြီး မတော်တဆမှု ဥပမာ ကားတိုက်မှု ဖြစ်တဲ့အခါ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီကို ဆက်သွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Crash Detection ကြောင့် ဂျပန်က အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အဆင်မပြေဖြစ်နေပါတယ်။ ပြည်ထဲရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ Fire and Disaster Management Agency က တကယ် အကူအညီ မလိုဘဲ အရေးပေါ် ဖုန်း ခေါ်ဆိုမှုတွေ မကြာခင်က များပြားခဲ့တဲ့အတွက် Crash Detection လုပ်ဆောင်ချက်ကို သုံးတဲ့ iPhone 14 User တွေကို သတိထား သုံးဖို့ တောင်းဆိုလိုက်ပါတယ်။

Apple Crash Detection

Kita-Alps Nagano နဲ့ Gujo City Fire Department တို့လို နှင်းလျှောစီးတဲ့ ဧရိယာအနားက Fire Department တွေဟာ မှားယွင်းဖုန်းခေါ်ဆိုမှုများစွာကို လက်ခံခဲ့ရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဇန်နဝါရီလ ၂၃ ရက်အတွင်း Kita-Alps Nagano Fire Department ဟာ အရေးပေါ် ဖုန်းခေါ်ဆိုမှုပေါင်း ၉၁၉ ခုကို ရခဲ့ပြီး ၁၃၄ ခုမှာ နှင်းလျှောစီး ဧရိယာကနေ Crash Detection လုပ်ဆောင်ချက်က မှားယွင်းခေါ်ဆိုတာပါ။ အလားတူပဲ Gujo City Fire Department ဟာ ဇန်နဝါရီလ ၁ ရက်ကနေ ၂၃ ရက်အတွင်း အရေးပေါ် ဖုန်းခေါ်ဆိုမှု ၃၅၁ ခုကို ရခဲ့ပြီး ၁၃၅ ခုဟာ မှားယွင်းခေါ်ဆိုတာပါ။

Crash Detection ဟာ ကားမောင်းတဲ့အချိန်၊ နှင်းလျှောစီးတဲ့အချိန်တွေမှာ ပြုတ်ကျတာနဲ့ တိုက်မိတာကို အာရုံခံနိုင်ပြီး အရေးပေါ် ဝန်ဆောင်မှုတွေဆီ ဖုန်းခေါ်ဖို့ Countdown သတ်မှတ်ပါတယ်။ ဒါပေမယ့် နှင်းလျှောစီးနေတဲ့ User တွေဟာ အဲဒါကို သတိမထားမိတဲ့အတွက် အရေးပေါ် ဝန်ဆောင်မှုတွေဆီ မှားယွင်း ဖုန်းခေါ်နေတာပါ။

 

ဂျပန်မှာသာမကဘဲ အမေရိကန်က Utah နဲ့ Colorado တို့လို နှင်းလျှောစီး ဧရိယာတွေမှာလည်း အလားတူ ပြဿနာတွေ ရှိနေပြီး ရိုလာကိုစတာ စီးနေတာကို ဖုန်းမှားခေါ်မိတဲ့ ဖြစ်ရပ်လည်း ဖြစ်ခဲ့ဖူးပါတယ်။

Ref : gizmochina