၂၀၂၃ ခုနှစ် ဧပြီလမှာ Brigham Young တက္ကသိုလ်မှ ကျောင်းသား ၃ ယောက်ဟာ Utah မှ ချောက်ကြီးကို စွန့်စား ခရီး ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခရီးဟာ အသက်အန္တရာယ် ရှိစေနိုင်တယ်ဆိုတာ မသိခဲ့ပါဘူး။

iPhone 14's Emergency SOS Feature Is Now Live in US, Canada | PCMag

သူတို့ဟာ ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းကို သွားခဲ့ပြီး ရေကန်ကို ရောက်သွားပါတယ်။ အဲဒီ ရေကန်ကို ဖြတ်တဲ့အခါမှာ ထွက်ပေါက်ကို ရှာမတွေ့ခဲ့ဘဲ ရေကန်ထဲမှာ ပိတ်မိသွားခဲ့ပါတယ်။ နာရီပေါင်းများစွာ ကြာပြီးနောက်မှာ သူတို့ဟာ အသက် အန္တရာယ်ရှိလာပြီဆိုတာ သိခဲ့ရပါတယ်။

အဲဒီနေရာမှာ ဖုန်းလိုင်း မမိတဲ့အတွက် အရေးပေါ် ဌာနတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောင်းသား ၁ ယောက်ဖြစ်တဲ့ Stephen Watts က iPhone 14 ရဲ့ Emergency SOS via Satellite Feature ကို သတိရသွားပြီး ဂြိုလ်တု ဆက်သွယ်ရေး အကူအညီနဲ့ အရေးပေါ်ဌာနကို ဆက်သွယ်ခဲ့ပါတယ်။

iPhone 14's Emergency SOS Satellite Feature Will Arrive Later This Month - CNET

အဲဒီ Feature က Emery County ရဲ့ 911 ကို တည်နေရာနဲ့တကွ အသိပေးစာ ပေးပို့ခဲ့ပါတယ်။ အရေးပေါ်ဌာနက ကျောင်းသားတွေရဲ့ စာကို လက်ခံရရှိခဲ့ပြီး သွားရောက်ကယ်တင်ခဲ့ပါတယ်။ အဲဒီအတွက် ကျောင်းသားတွေဟာ အသက်ဘေးကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။

အရင်ကလည်း iPhone ရဲ့ ဂြိုလ်တု ဆက်သွယ်ရေး Feature ဟာ လူ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေး ဟာ ဖုန်း လိုင်း မမိတဲ့ နေရာတွေမှာ အရေးပေါ်ဌာနတွေကို ဆက်သွယ်နိုင်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။

Ref : medium