Apple က iPhone 15 နဲ့ 15 Plus ကို ကြေညာလိုက်ပြီး Dynamic Island ထည့်သွင်းပေးထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ iPhone X နဲ့ မိတ်ဆက်ခဲ့တဲ့ Notch ကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။

Apple က ၂၀၁၂ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Lightning Port ကိုလည်း အဆုံးသတ်လိုက်ပြီး USB-C Port ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် Apple အဆင့်မြှင့်ထားတဲ့ အပိုင်းက ကင်မရာတွေ ဖြစ်ပါတယ်။

Apple ဟာ နှစ်များစွာကြာ 12MP Main ကင်မရာတွေကိုပဲ အသုံးပြုခဲ့တာပါ။ iPhone 15 နဲ့ 15 Plus မှာတော့ 48MP Sony Main ကင်မရာ တပ်ဆင်ထားပြီး 2x Telephoto ထောက်ပံ့ထားပါတယ်။ ဒုတိယ ကင်မရာက Ultra-wide Angle ဖြစ်ပြီး အရှေ့ ကင်မရာက 12MP ဖြစ်ပါတယ်။

iPhone 15 နဲ့ 15 Plus မှာ Apple A16 Bionic Processor မောင်းနှင်ထားပါတယ်။ ဒါဟာ Chipset အသစ် မဟုတ်ဘဲ Chipset အသစ်ဖြစ်တဲ့ A17 ကို Pro မော်ဒယ်တွေမှာ ထည့်သွင်းထားတာပါ။ A16 ကို iPhone 14 Pro မော်ဒယ်တွေမှာ ထည့်သွင်းပေးထားတာပါ။

iPhone 15 နဲ့ 15 Plus ရဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ အရင်ကတော့ Pro မော်ဒယ်တွေမှာပဲ အဲဒီလို ပြုလုပ်ပေးထားတာပါ။ အခုတော့ iPhone  15 နဲ့ 15 Plus ဟာ ပရီမီယမ် ဒီဇိုင်း ဖြစ်လာပါတယ်။

သတင်းကောင်းက Apple ဟာ iPhone 15 နဲ့ 15 Plus ရဲ့ ဈေးနှုန်းကို အရင်မျိုးဆက်အတိုင်း ထားရှိပေးထားတာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့  iPhone 15 ကို ၇၉၉ ဒေါ်လာနဲ့ iPhone 15 Plus ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina