iPhone 15 Pro Max ရဲ့ အဓိက အစိတ်အပိုင်း ၁ ခုက တိုက်တေနီယမ် ကိုယ်ထည် ဖြစ်ပြီး အရင် iPhone တွေမှာ သုံးထားတဲ့ အလူမီနမ်ထက် ပိုမို မာကျောပါတယ်။ ဒါပေမယ့် YouTuber PhoneBuff က အဲဒီဖုန်းကို Drop Test ပြုလုပ်ခဲ့ပြီး တိုက်တေနီယမ် ကိုယ်ထည်ဟာ တကယ်တမ်း အကျိုးကျေးဇူး မရှိတာကို တွေ့ရပါတယ်။

iPhone 15 Pro Max ကို Samsung Galaxy S23 Ultra နဲ့ နှိုင်းယှဉ်ကာ Drop Test အကြိမ်များစွာ လုပ်ခဲ့တာပါ။ ဖုန်း ၂ လုံးကို တူညီတဲ့ အမြင့်တွေကနေ ပစ်ချကာ စမ်းသပ်ခဲ့ပါတယ်။

ခါး အမြင့်ကနေ ပစ်ချကြည့်တဲ့အခါ iPhone 15 Pro Max ရဲ့ အနောက်ဘက် ဖန်ဟာ ကြီးမားစွာ ကွဲအက်သွားပြီး Samsung Galaxy S23 Ultra ကတော့ မာကျောမှု ပိုအားနည်းတဲ့ ဒြပ်ထုကို သုံးထားပေမယ့် ထောင့်စွန်း ၂ ခုမှာ အနည်းငယ်ပဲ ကွဲအက်သွားပါတယ်။

ဒုတိယ အကြိမ်မှာ ဖုန်း ၂ လုံးစလုံးရဲ့ ထောင့်စွန်း ၁ ခုကို အောက်ကို မျက်နှာမူကာ ပစ်ချကြည့်ခဲ့ပါတယ်။ iPhone 15 Pro Max ရဲ့ တိုက်တေနီယမ် ဖရိမ်ဟာ မပျက်ဆီးသလောက်ရှိပေမယ့် အနောက်ဘက် ဖန်ဟာ ကွဲအက်သွားပါတယ်။ S23 Ultra ရဲ့ ဖရိမ်ကတော့ အနည်းငယ် ပုံပျက်သွားခဲ့ပါတယ်။

တတိယအကြိမ်မှာ ဖုန်း ၂ လုံးစလုံးရဲ့ မျက်နှာပြင်ကို အောက်ဘက် မျက်နှာမူကာ ပစ်ချခဲ့ပါတယ်။ မျက်နှာပြင် ၂ ခုစလုံးဟာ ကြီးမားစွာ ကွဲအက်သွားခဲ့ပြီး S23 Ultra ဟာ မျက်နှာပြင်ကွေးကြောင့် ပိုမို ဆိုးရွားပါတယ်။

နောက်ဆုံး အကြိမ်မှာ ဖုန်း ၂ လုံးစလုံးကို ပိုမြင့်တဲ့ နေရာကနေ ပစ်ချခဲ့ပါတယ်။ S23 Ultra ကတော့ အရင် အကြိမ်တွေတုန်းကလို သိပ်ပျက်ဆီးတာ မရှိပေမယ့် iPhone 15 Pro Max ရဲ့ အရှေ့နဲ့ အနောက်ဘက်က ဖန်ဟာ ပိုကွဲအက်သွားပါတယ်။

ဖုန်း ၂ လုံးစလုံးဟာ Drop Test ပြီးနောက် အလုပ်ကောင်းစွာ လုပ်ကြပါသေးတယ်။ ဒါပေမယ့် Galaxy S23 Ultra ဟာ အလူမီနမ် ဖရိမ် သုံးထားပေမယ့် iPhone 15 Pro Max ထက် စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ S23 Ultra ဟာ အမှတ် ၄၀ မှာ ၃၉ မှတ်နဲ့ iPhone 15 Pro Max ဟာ ၃၇ မှတ်ရသွားပါတယ်။ စမ်းသပ်တဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Ref : gizmochina