iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ဟာ စထွက်လာပြီးကတည်းက အပူလွန်ကဲတာ အပါအဝင် တခြား ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း သုံးစွဲသူ တချို့က Screen Burn-in ပြဿနာ ဖြစ်နေတယ်လို့ ပြောကြပါတယ်။

iPhone 15 Pro Max screen burn-in

Screen Burn-in ဟာ ရုပ်ပုံ ၁ ခုကို အချိန်ကြာမြင့်စွာ ဖွင့်ထားတဲ့အခါမှာ မျက်နှာပြင်ရဲ့ အစိတ်အပိုင်း ၁ ခုမှာ ပုံရိပ်ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ OLED မျက်နှာပြင်တွေမှာ ဖြစ်လေ့ ရှိတဲ့ ပြဿနာ ဖြစ်ပြီး iPhone 15 Pro နဲ့ iPhone 15 Pro Max မှာ OLED အမျိုးအစားကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Reddit နဲ့ Apple Support Forum မှာ သုံးစွဲသူ တချို့က အဲဒီ ပြဿနာ ဖြစ်နေတယ်လို့ ပြောနေကြပြီး Screen Burn-in ဖြစ်နေတဲ့ ပုံတွေကို မျှဝေထားကြပါတယ်။ သုံးစွဲသူ ၁ ယောက်က Screen မှာ ကီးဘုတ် ပုံရိပ်ထင်ကျန်နေတာကို ပြသထားပါတယ်။

ဒါပေမယ့် ဒီပြဿနာဟာ သုံးစွဲသူ များစွာမှာ ဖြစ်ပွားနေတာ မဟုတ်လောက်ပါဘူး။ iPhone 15 Pro Max မှာ Screen Burn-in ဖြစ်နေတယ်လို့ ပြောကြားနေသူတွေက နည်းပါးပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

ပထမဆုံး နည်းလမ်းက Apple Support ကို ဆက်သွယ်တာ ဖြစ်ပြီး Apple Store Genius Bar မှာ ဘွတ်ကင်တင်ရမှာပါ။ အဲဒီမှာ ကုမ္ပဏီရဲ့ ကျွမ်းကျင်သူတွေက Screen Burn-in ပြဿနာကို ဖြေရှင်းပေးမှာပါ။

Ref : gizmochina