iPhone 15 Series ကို နောက်လ ၁၂ သို့မဟုတ် ၁၃ ရက်နေ့မှာ ကြေညာတော့မှာပါ။ iPhone 15 Pro နဲ့ Pro Max မှာ Apple A17 Bionic Chipset အသစ်ကို သုံးထားမှာ ဖြစ်ပြီး Pro မဟုတ်တဲ့ မော်ဒယ်တွေမှာ A16 ကို ထည့်ထားမှာပါ။ အရင်သတင်းအရ iPhone 15 Pro နဲ့ Pro Max မှာ 6GB RAM ပဲ ထည့်ထားမယ်လို့သိခဲ့ရပါတယ်။ Micron သို့မဟုတ် Samsung က ထုတ်တဲ့ ပိုမြန်တဲ့ LPDDR5 ပါလာမှာပါ။
Update:
It appears that both 8GB and 6GB RAM configurations for A17 were in testing at one point, currently unclear why or which of these was chosen as final – could be dependent on storage.
They’re labeled as follows:
POP, COLL + 6G
POP, COLL + 8G
— Unknownz21 🌈 (@URedditor) August 11, 2023
iPhone 12 Pro ကစတင်ကာ iPhone တွေမှာ 6GB RAM ပဲ ပါလာတာပါ။ အခုတော့ @URedditor အမည်ရ တွစ်တာ သုံးစွဲသူက ဒီနှစ် iPhone မှာ 8GB RAM ပါလာနိုင်တဲ့ အလားအလာရှိတယ်လို့ ပြောပါတယ်။ A17 Bionic အသစ်ကို 6GB နဲ့ 8GB RAM ၂ မျိုးစလုံးနဲ့စမ်းသပ်ထားပါတယ်။ အဲဒီအတွက် iPhone 15 Pro နဲ့ Pro Max မှာ 8GB RAM ထည့်ထားနိုင်ပြီး စွမ်းရည်ပိုကောင်းလာနိုင်ပါတယ်။
လက်ရှိမှာ ဒါဟာ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ Apple ရဲ့ သမိုင်းအရ Pro မော်ဒယ်တွေမှာ တူညီတဲ့ RAM ပမာဏ ထည့်သွင်းပေးလေ့ရှိပါတယ်။ Android ဖုန်းတွေမှာတော့ တူညီတဲ့ Memory နဲ့ Storage ပမာဏတွေ ထည့်သွင်းပေးတာ ပုံမှန် စံနှုန်းလို ဖြစ်နေပါပြီ။ အခုတော့ Apple ကလည်း အဲဒီလမ်းစဉ်ကို လိုက်တော့မယ်လို့ ထင်ပါတယ်။
iPhone 15 Series ကို နောက်လမှာ ကြေညာတော့မှာ ဖြစ်တဲ့အတွက် အလွန်ကို နီးကပ်နေပါပြီ။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ iPhone 15 Series ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။
ref : gsmarena