iPhone 15 Pro နဲ့ 15 Pro Max တို့ဟာ အပူလွန်ကဲတဲ့ ပြဿနာ ရှိနေပြီး Apple က Software Update နဲ့ ဖြေရှင်းပေးမယ်လို့ ပြောထားပါတယ်။ အခုလည်း နောက်ထပ် ပြဿနာ ၁ ခု ဖြစ်နေပြီး Wireless Charging ကို သုံးရင် NFC Module ပျက်ဆီးသွားပါတယ်။

iPhone 15 Pro owners report dead NFC modules after using wireless charging in their BMWs - GSMArena.com news

MacRumors Forum နဲ့ X မှာ Apple Pay ကို Set Up လုပ်တဲ့အခါ ပြဿနာတက်နေတယ်လို့ ပြောနေကြပါတယ်။ ဖုန်းကို Apple Store မှာ ပြသကြည့်တဲ့အခါ NFC Module ပျက်နေတာကို တွေ့ရပါတယ်။

ဖုန်း ပိုင်ရှင်တွေက သူတို့ရဲ့ BMW ကားက Wireless Charging Pad ကို သုံးပြီးနောက် အဲဒီပြဿနာ ဖြစ်တာလို့ ပြောကြပါတယ်။ ဖုန်းရဲ့ NFC ပျက်သွားရုံတင်မကဘဲ တခါတလေ Data Recovery Mode ထဲ ရောက်သွားကြပါတယ်။ သုံးစွဲသူတွေက ယခင် iPhone မော်ဒယ်တွေမှာ အဲဒီလို ပြဿနာ မရှိဘူးလို့ ပြောကြပါတယ်။

Apple Pay issues (possibly a dead NFC module) after using wireless charging in a BMW

BMW မောင်းတဲ့ iPhone 15 Pro ပိုင်ရှင် အများစုထံမှာပဲ ဒီလို ပြဿနာ ရှိနေကြတာ ဖြစ်ပေမယ့် 2023 Toyota Supra မောင်းတဲ့ သုံးစွဲသူ ၁ ယောက်က သူ့ရဲ့ 15 Pro မှာ Apple Pay ကို သုံးလို့ မရဘူးလို့ ပြောပါတယ်။

သင့်မှာ iPhone 15 Pro နဲ့ 15 Pro Max ရှိရင် BMW ကားတွေက Wireless Charging ကို အသုံးမပြုသင့်ပါဘူး။ လက်ရှိမှာတော့ iPhone 15 နဲ့ 15 Plus မှာ ဒီပြဿနာ မရှိသေးပါဘူး။

Ref : gsmarena